Published
Sunday, September 18, 2022
KIA တပ်ရင်း ၁၄ စခန်း ၂ ခုနဲ့ အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ် တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီး
- စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့တွင်း ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုတွေပြုလုပ်နေတဲ့ အတွက် ပြည်သူတွေသွားလာရေးမှာ ခက်ခဲလာတယ်လို့ သိရပါတယ်။
- ဟူးကောင်းဒေသ လီဒိုလမ်းမနဲ့သိပ်မဝေးတဲ့ KIA တပ်ရင်း ၁၄ စခန်း ၂ ခုနဲ့ အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ လာရောက်ပစ်ခတ်သိမ်းပိုက်ပြီး ဖျက်ဆီးလိုက်ပါတယ်။
- မံစီစစ်ဘေးရှောင်တွေ နေရာထိုင်ခင်းနဲ့ကူညီထောက်ပံ့မှုတွေ ရှားပါးလာချိန် မိမိတို့နေရပ်ကိုပြန်ဖို့ ဆုံးဖြတ်ထားပေမဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက်လိုအပ်နေသေးတယ်လို့ ပြောပါတယ်။