- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
- ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်းအမှတ်စဉ် ၁ ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
- မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေအတွက် မီဇိုရမ်ဟာ အမြဲတံခါးဖွင့်ထားပြီး တတ်နိုင်သမျှ ဆက်လက်ကူညီသွားမယ်လို့ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲ က ပြောဆိုလိုက်ပါတယ်။