Published
Wednesday, September 07, 2022
KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)နယ်မြေအတွင်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော်
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ(၆)နယ်မြေအတွင်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော်လောက်ဟာ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေပါတယ်။
- ကရင်ပြည်နယ် ဖားအံမြို့မှာ လတ်တလော ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာနေပါတယ်။
- အခက်အခဲအမျိုးမျိုးကြောင့် လေးနှစ်ကြာဆက်ပြီးမဖွင့်လှစ်နိုင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်တဲ့ ကွယ်ကဘော(ခွဲကဘောင်)ကျောင်းကို ဒီနှစ်မှာတော့ အခက်အခဲတွေကြားထဲက ကြိုးစားပြီးပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။