Published
Wednesday, August 31, 2022
ဥကရစ်ထလမ်းဆုံကို ပိတ်ဆို့တပ်စွဲစစ်ရေးပြင်ဆင်ထားတဲ့စကစတပ်က ဖြတ်သန်းသွားလာသူကို ပစ်ခတ်မယ်လို့သတင်းထုတ် (ဩဂုတ်လ ၃၁၊ ၂၀၂၂)
- မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း မှတ်ပုံတင်မပါဘဲ ခရီးသွားလာရင် ဒဏ်ငွေကျပ် (၂)သိန်းရိုက်မယ်လို့ နယ်ခြားစောင့်တပ် (BGF)က အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
- ဥကရစ်ထလမ်းဆုံကို ပိတ်ဆို့တပ်စွဲစစ်ရေးပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသူတွေကို ပစ်ခတ်မယ်လို့ သတင်းထုတ်ထားပါတယ်။
- နိုင်ငံရေးနဲ့ ပညာရေးတွေအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကရင်ကျောင်းသားကွန်ရက်အဖွဲ့-KSNG ကနေဦးဆောင်ပြီး လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။