ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်၊ အိုင်ဇောလ်မြို့ကနေထွက်လာတဲ့ ကားတစ်စီးကို လခရတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး Galatine ဖောက်ခွဲရေးသုံးကိရိယာ- ၇၈၀၀ ခု၊ Detonator ၄၀၆၃ ခု၊ ဖျူးကြိုး ၇၀၀ တို့ကိုသိမ်းဆီးရမိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ Serchhip ခရိုင်ရဲတပ်ဖွဲတွေက “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြိုကနေထွက်လာတဲ့ ကားတစ်စီးပေါ်မှာ သြဂုတ် ၁၀ ရက် နေ့လည် ၁ နာရီခွဲတွင် ရပ်တန့်စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်းအများအပြားဖမ်းဆီးရမိတယ်လို ရဲတပ်ဖွဲကထုတ်ပြန်ထားတာဖြစ်ပါတယ်။”
ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေဖော်ပြထားသလို မြန်မာနိုင်ငံ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိတာမဟုတ်ပါဘူး။ ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ အကြမ်းဖက်သမားများဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာမျိုးမရှိပါဘူး။
စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။