"ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ" ဆိုတဲ့သတင်းအမှား

"ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ" ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Ko Pyae Sone ဆိုတဲ့အကောင့်ကနေ ပြန်လည်မျှဝေဖော်ပြထားတာဖြစ်ပြီးတော့ "နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက "ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး" ဟု မနေ့က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။” လို့ရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် “သူတို့အသိ နောက်ကျသွားလေပြီ။ မုဆိုးကောင်းတို့မည်သည်မှာ သားကောင်ကို မိမိထောင်ချောက်အတွင်း သက်ဆင်းမိစေရန် စနစ်တကျ ကျုံးသွင်းတတ်သည်မဟုတ်ပါလော။” လို့ရေးသားထားတာဖြစ်ပါတယ်။

Ko Pyae Sone ဆိုတဲ့အကောင့်ကနေ ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက "ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး” လို့ပြောကြားချက်နဲ့ပတ်သက်ပြီးတော့ ဒေါက်တာ ဆာဆာ တွစ်တာစာမျက်နှာကို ဝင်ရောက်ရှာဖွေကြည့်တဲ့အခါ အဲ့သလိုပြောကြားထားတာမျိုးမတွေ့ရပါဘူး။

"နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။" ဆိုတာနဲ့ပတ်သက်ပြီး National Unity Government of Myanmar (NUG) အစိုးရရဲ့ Facebook Page မှရှဖွေကြည့်တဲ့အခါမှာတော့ “အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။” လို့ဖော်ပြထားပါတယ်။

ဒါအပြင် “အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။” လို့ရေးသားဖော်ပြထားပါတယ်။

Link>>>https://www.facebook.com/NUGmyanmar/posts/pfbid0XA7TjJ3fyRUFmPgyYsiHdG2R...

ဒါကြောင့် Ko Pyae Sone ဆိုတဲ့အကောင့်ကနေ “ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ သတင်းရင်းအမြစ်မှန်ကန်တဲ့သတင်းဌာနမှရေးသားဖော်ပြထားတဲ့သတင်းတွေကိုသာ စိတ်ချယုံကြည်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Most read this week

April 23, 2025
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။...
April 21, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော (ဃောဖိုးပလယ်) ရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၁၉...
April 11, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး...
April 1, 2025
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗောဓိတထောင်မှာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦးတွေရဲ့အောက်မှာ...