Published
Wednesday, August 24, 2022
ကရင်အမျိုးသားအစည်းအရုံးနယ်မြေအတွင်းက စစ်ဘေးရှောင်ပြည်သူသုံးသိန်းကျော် ထောက်ပံ့မှုအကူအညီတွေလိုအပ်နေ (ဩဂုတ်လ ၂၄၊ ၂၀၂၂)
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး ပြည်သူ ၂၀၀ နီးပါးပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။
- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့အဝင်၊ အထွက်လမ်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ပစ်လိုက်ပါတယ်။
- KNU ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်းက စစ်ဘေးရှောင်ပြည်သူသုံးသိန်းကျော်ဟာ ထောက်ပံ့မှုအကူအညီတွေလိုအပ်နေပြီလို့ KNU ဘက်က ပြောပါတယ်။