Published
Sunday, August 14, 2022
စစ်ဘေးရှောင်အတွက် နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းထားတဲ့ ဆန်အိတ် ငါးသောင်းခွဲကျော် စစ်ကောင်စီကတားမြစ်ထား (ဩဂုတ်လ ၁၄၊ ၂၀၂၂)
- ရခိုင်က ပြည်နယ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေကို ဆက်လက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် ရက္ခိတလမ်းစဉ်နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က သတိပေးပြောဆိုလိုက်ပါတယ်။
- တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်မှာ လုံခြုံရေးအာမခံချက်မရှိဘူးလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စတင်နုတ်ထွက်လာနေကြပါတယ်။
- ရခိုင်က စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ဆန်အိတ် ငါးသောင်းခွဲကျော်ကို စစ်ကောင်စီကတားမြစ်ထားပါတယ်။