ဓါးပြတိုက်မှုတွေကို ခေတ်သစ်မီဒီယာက နောက်ကွယ်က စီစဉ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

ဓါးပြတိုက်မှုတွေကို ခေတ်သစ်မီဒီယာက နောက်ကွယ်က စီစဉ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

မြိုင်မြို့နယ်က ကျေးရွာတစ်ချို့မှာ ဓါးပြတိုက်မှုတွေ ဖြစ်ပွားနေပြီး အဲဒီ ဓားပြတိုက်မှုတွေကို နောက်ကွယ်ကနေ စီစဉ်ပေးသူတွေဟာ ခေတ်သစ်မီဒီယာ သတင်းဌာနကဖြစ်တယ်ဆိုတဲ့ သတင်းတစ်ခုကို Myanmar Hard Talk  အယ်ဒီတာ Aung Minn က သူ့ရဲ့ Facebook အကောင့်မှာ  ဩဂုတ်လ ၁ ရက်နေ့မှာ ရေးတင်ထားပါတယ်။

ငွေဖလားခွက်ထဲမှာ ရွှေတွေနဲ့ ပိုက်ဆံတွေ ထည့်ထားတဲ့ ဓာတ်ပုံတွေ အပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့ အတူ စာကို ရေးတင်ထားတာကို တွေ့ရပါတယ်။

Aung Minn က “မြိုင်မြို့နယ်ကျေး ရွာအချို့မှာ ဆုတောင်းပွဲအမည်ခံ နေ့ခင်းကြောင်တောင် ဓါးပြတိုက်မှုတွေ မနေ့က ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ ကျေးရွာသားတွေရဲ့ပြောပြချက်အရသိရပါတယ်။ အဆိုပါဓါးပြမှုကို နောက်ကွယ်က စီစဥ်ပေးသူဟာ လူကုန် ကူးမှုတွေကို အဓိကလုပ်ဆောင်နေတဲ့ ခေတ်သစ်မီဒီယာသတင်းဌာနရဲ့ ဒေသဆိုင်ရာ သတင်းထောက် ကျွဲကြီးဆိုသူက စီစဥ်ခဲ့တာလို့ သိရပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာဖြစ်ပါတယ်။

ဒါအပြင့် ခေတ်သစ်မီဒီယာ သတင်းဌာနဟာ မီဒီယာဘန်းပြပြီး လူကုန်ကူးမှုတွေကို လုပ်နေတယ်ဆိုပြီးလည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

အောင်မင်းက “ခေတ်သစ် မီဒီယာလို့ခေါ်တဲ့ သတင်းဌာနကို မုဒိန်းမှုနဲ့ တိမ်းရှောင်နေသူ သာလွန်ဇောင်း ထက်ဆို သူက ဦးဆောင်တည်ထောင်ထားတာ ဖြစ်ပြီး မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ဒေသခံ လူမိုက်များ၊ အရက်သမား များ နှင့်ဆိုးသွမ်း လူငယ်များကို သတင်းထောက်အဖြစ် ခန့်ထားပြီး မီဒီယာလုပ်ငန်းကို ဘန်းပြကာ လူကုန်ကူး ခြင်း၊ တရုတ်ပြည်သို့ အမျိုးသမီးငယ်များအား ရောင်းစားခြင်း စတဲ့လုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေ တာ ဖြစ်ပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာဖြစ်ပါတယ်။

အဆိုပါရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Myanmar Hard Talk  က Aung Minn အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ဓါးပြတိုက်နေ တဲ့ ဓာတ်ပုံတွေ မဟုတ်ပဲ မြိုင်မြို့နယ်က ပြည်သူတွေက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့အခြေပြု ကျောင်း တစ်ကျောင်း အတွက် ရွှေနဲ့ ပိုက်ဆံတွေ ကူညီထောက်ပံ့နေတဲ့ ဓာတ်ပုံတွေကို ဓားပြတိုက် နေတယ်ဆိုပြီး ဝါဒ ဖြန့်ဖို့အတွက် လိမ်ညာ ရေးသားထားလို့ပဲဖြစ်ပါတယ်။

Basic Education General Strike Committee of Myaing - BEGSC – Myaing ရဲ့ ထုတ်ပြန်ချက်ထဲက ဓာတ်ပုံတွေ ကို Aung Minn က ယူပြီး သတင်းအမှားတစ်ခုကို ဖန်တီးကာ ဝါဒဖြန့်ဖို့အတွက် သူလိုသလို ရေးသားထားတာကို လည်း တွေ့ရပါတယ်။

Basic Education General Strike Committee of Myaing - BEGSC – Myaing ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3Q4uBdw ဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဒါ့အပြင် BBC သတင်းဌာန ကရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3zxgarC ဝင်ကြည့်လို့ရသလို တခြားသတင်းဌာနတွေဖြစ်တဲ့ Rise News https://bit.ly/3btmbh2 ၊ Burma VJ https://bit.ly/3vIv1ye အစရှိ တဲ့ သတင်းဌာနတွေရဲ့ သတင်းရေးသားမှုတွေထဲမှာလည်း တွေ့နိုင်ပါတယ်။

ဒါ့အပြင် Myanmar Hard Talk  အယ်ဒီတာ Aung Minn ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ယုံ ကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ရေးသားထားတဲ့ သတင်းတွေကို သတင်းအမှားတွေပါလို့ ရည်ရွယ် ချက် ရှိရှိ ပြောဆိုမှုတွေ ရှိသလို သတင်းဌာနတော်တော်များများကိုလည်း လူကုန်ကူးမှုတွေ လုပ်တယ်။ အမျိုးသမီး ငယ်လေးတွေကို ရောင်စားတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေလည်း မကြာခဏတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က MHT Youtube Channel မှာ တင်ထားတဲ့ မီဒီယာ အံတုမှု အစီ အစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံမှာတော့ Aung Minn က ခောတ်သစ်မီဒီယာ အပါအဝင် BBC၊ RFA၊ Mizzima၊ Myanmar Now၊ DVB၊ ဧရာဝတီ အစရှိတဲ့ သတင်းဌာန တော်တော်များများကို လူကုန်ကူးတဲ့ သတင်းဌာနတွေ၊ အမျိုးသမီးတွေကို ရောင်းစားတဲ့ သတင်းဌာနတွေအဖြစ် ပုံဖော်ပြောဆိုထားတာကို တွေ့ရပါတယ်။

အဲဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က စိစစ်ရေးသားထားတဲ့ “လွတ်လပ် သော သတင်းမီဒီယာများကို လူကုန်ကူးနေသည်ဟု အပုပ်ချ” ဆိုတဲ့ Aung Minn ရဲ့ ပြောဆိုမှု သတင်းအမှားကို ဒီမှာ https://bit.ly/3oVtq4b တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ပြီး စစ်ဆေးလိုက်တဲ့အခါမှာတော့ Aung Minn က တိကျခိုင်လုံတဲ့ သက် သေအထောက်အထား တစ်စုံတစ်ရာ မရှိပဲ ခောတ်သစ်မီဒီယာ တည်ထောင်သူ ဦးသာလွန်ဇောင်းထက်နဲ့  ခေတ် သစ်မီဒီယာ သတင်းဌာနကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ ရပါတယ်။

Aung Minn ရဲ့ ရေးသားမှုကို လက်ရှိအချိန်အထိ ကြိုက်နှစ်သက်သူ ခြောက်ရာကျော်၊ သဘောထား မှတ်ချက် ပေးသူ ခြောက်ဆယ်နဲ့ ထပ်ဆင့်ဖြန့်ဝေသူ ၁၄၆ ယောက်အထိရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

Most read this week

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...