Published
Friday, August 05, 2022
စက်လှေတစ်စီးကို စစ်ကောင်စီတပ်ပစ်ခတ်၊ ကျောင်းသား ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကျောင်းသူ၊ ကျောင်းသားတွေ လိုက်ပါလာတဲ့စက်လှေတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
- ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတရားရုံးက အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
- အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြုလုပ်မယ့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မယ့်အစီအစဉ်ကို အိန္ဒိယအစိုးရက ကန့်သတ်တားမြစ်လိုက်ပါတယ်။