Published
Monday, July 25, 2022
KNDO စစ်ဦးစီးချုပ်ဟောင်းဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်ကို KNLA နဲ့ KNDO တို့က လက်မခံ
ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ခုံ PDF တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၉ ယောက် ကျဆုံးခဲ့ပါတယ်။
မော်လမြိုင် အထက ၅ တံတိုင်းပြိုကျတဲ့အတွက် လူ ၅ ယောက် သေဆုံးသွားပါတယ်။
ကော်သူးလေတပ်မတော်ကို KNDO စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါးမြ က ဦးဆောင်ဖွဲ့စည်းလိုက်ပေမဲ့ KNU လက်အောက်ခံ KNLA နဲ့ KNDO တပ်ဖွဲ့တွေကတော့ လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။