တိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ PDF တွေကို တခါတည်း ပစ်သတ်ဖို့ စောစလုံးက ညွန်ကြားထားတယ်ဆိုတဲ့ သတင်းတခုကို တ ပင် ရွှေထီး ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇွန်လ ၃၀ ရက်နေ့မှာ တင်ထားတာကို တွေ့ ရပါတယ်။
တ ပင် ရွှေထီး ဆိုသူက အဲဒီသတင်းကို “တိုက်ပွဲအတွင်းထွက်ပြေးတဲ့PDF များအား တစ်ခါတည်းပစ်သတ်ရန်
စောစလုံးမှ ညွန်ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး သူ့ရဲ့ ရေးသားမှုထဲမှာဆိုရင် “ကရင်ပြည်နယ် ဝေါ လေ ဒေသအတွင်းနဲ့ KNLA KNDO နယ်မြေအတွင်းတိုက်ပွဲအတွင်း ထွက်ပြေးပါက တစ်ခါ တည်းပစ်သတ်ရန် စောစလုံး မှ အမိန့်ထုတ်ပြန်ထားပါတယ်။ PDF လူငယ်တွေဟာ EAO နဲ့ ပူးပေါင်းပြီးတော့ တိုက်နေရပေမယ့် လက်နက်ခဲယမ်း မရပါဘူး။ တိုက်ပွဲအတွင်း ကျည်တစ်တောင့်ကို ၅၀၀၀ နှုန်းနဲ့ ဝယ်ယူနေရတယ်လို့လည်း သိရ ဒါကြောင့် ကျည်ချွေတာသုံးရင်း တချို့က ကျည်ကုန်လို့ ကျဆုံးတာတွေလည်းရှိတယ်လို့ အချင်းချင်းပြောဆိုတဲ့ အသံ တွေကြားရတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ထွက်ပြးလာတဲ့ PDF တွေကို ပစ်သတ်လို့ သေသွားရင် စစ်ကောင်စီတပ်က သတ်ပါတယ်ဆိုပြီး ထင် ရောင်ထင်မှားဖြစ်အောင် လုပ်တယ်ဆိုပြီးတော့လည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
တ ပင် ရွှေထီး က “NUG အနေနဲ့ KNLA နယ်မြေထဲမှာနေတဲ့ PDF တွေကိုရေရှည်မထောက်ပံ့နိုင်ရင်တော့ PDF တွေ ဘဝကလမ်းဆုံး နေပါပြီ။ သင်တန်းကြေးလည်း ပေးရ စားစရိတ်ပေးရ လက်နက်ခဲယမ်းလည်း ဝယ်ရနဲ့ရ တဲ့ ငွေနဲ့ မလောက်ငှကြသလို NUG က ပေးတဲ့ ထောက်ပံ့ငွေတွေကလည်း KNLA က အပိုင်သိမ်းတယ်လို့လည်း သိရပါတယ်။ PDF တွေရဲ့ ရပိုင်ခွင့်ကတော့ အကန့်သတ်မရှိ အရှေ့ကနေ ရင်ကော့ပြီး အသေခံဖို့ပါပဲ ထွက်ပြေး နေတဲ့ PDF တွေကို တိုက်ပွဲ အတွင်း ပစ်သတ်ပြီးတော့ တပ်ကပစ်လို့ပဲကျသလိုနဲ့ ထင်ရောင်ထင်မှားတွေ လုပ်နေ တာလို့လည်းသိရ” ဆိုပြီး ( မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။
အဲဒီ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တ ပင် ရွှေထီး ဆိုသူ ရေး သား ပြောဆိုထား သလိုမျိုး ထွက်ပြေးလာတဲ့ PDF ကို ပစ်သတ် ဖို့ စောစလုံးက အမိန့်ပေး ပြောဆိုထားတာ မရှိ လို့ပဲဖြစ်ပါတယ်။
တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း စောစလုံးဟာ DKBA က နေ KNDO ဖက်ကို ကူးပြောင်းလာတဲ့ နောက်ပိုင်း မှာ စစ်ကောင်စီထောက်ခံသူတွေက စောစလုံးကို တိုက်ပွဲမှာ ကျသွားတာတို့၊ PDF တွေကိုတော့ တိုက်ခိုင်းပြီး သူ ကတော့ အေးဆေးနှပ်နေတာတို့၊ NUG က ပေးထားတဲ့ ပိုက်ဆံတွေကို သူတစ်ယောက်တည်း ယူထားတာတို့ စ တဲ့ အထောက်အထား ခိုင်မာမှု မရှိတဲ့ ပြောဆိုရေးသားမှုတွေကို မကြာခဏ ခံနေရသူဖြစ်ပါတယ်။
အရင်က စစ်ကောင်စီ ထောက်ခံသူတွေ ဖြန့်ဝေထားတဲ့ စောစလုံး တိုက်ပွဲအတွင်း ကျသွားတယ်ဆိုတဲ့ သတင်း အမှားကို ဒီမှာ https://bit.ly/3uNhODQ ဝင်ကြည့်လို့ရပါတယ်။
တ ပင် ရွှေထီး ဆိုသူရဲ့ အခုရေးသားမှုကို ကြည့်မယ်ဆိုရင်လည်း စောစလုံးလို နာမည်ကြီးတဲ့ တပ်မှူးတစ် ယောက်က အဲသလို ပြောဆိုခဲ့မယ်ဆိုရင် ဒီသတင်းဟာ တော်လှန်ရေး အသိုင်းအဝိုင်းမှာသာမက ပြည်သူတွေ ကြားမှာ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်လာမှာ ဖြစ်သလို PDF အသိုင်းအ ဝိုင်းကြားမှာလည်း ပြောဆိုလာကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းဌာနတွေကလည်း စောစလုံးကို မေးမြန်းပြီး သတင်းရေးသား ကြမှာဖြစ် ပေမယ့် အခုလက်ရှိ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်း ဘယ်သတင်းဌာနကမှ သတင်းရေးသားထား တာကို မတွေ့ရပါဘူး။
တစ်ဖက်မှာတော့ တ ပင် ရွှေထီး ဆိုသူရဲ့ ပြောဆိုရေးသားမှုနဲ့ ပတ်သက်ပြီး သတင်းအမှားတွေကို စိစစ်ရေးသား နေတဲ့ BOOM Myanmar က သတင်းအမှားဖြစ်ကြောင်း ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3uLNSYS တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ တ ပင် ရွှေထီး ဆိုသူက စောစလုံးကို ပြည်သူတွေနဲ့ PDF တွေ အထင်အမြင်မှားအောင် ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ် ဆို တာကို တွေ့ရပါတယ်။
တ ပင် ရွှေထီး ဆိုသူရဲ့ ရေးသားမှုကို စစ်တပ်ထောက်ခံသူတွေရဲ့ Group တွေမှာ တော်တော်များများ ဖြန့်ဝေ နေ တာကို တွေ့ရသလို တစ်ဦးတစ်ယောက်ချင်း အနေနဲ့လည်း တော်တော်များများ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်း ဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုး တစ်မျိုးနဲ့တစ်မျိုး အဖွဲ့ အစည်း တစ်ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။