CDM စစ်သားတွေကို KNU က သတ်လိုက်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

CDM စစ်သားတွေကို KNU က သတ်လိုက်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

ဥကရစ်ထ တိုက်ပွဲအတွက် စစ်ကူလာရင်း ထွက်ပြေးပြီး CDM လုပ်လာတဲ့ တပ်မ ၄၄ က စစ်သား ၅ ဦးကို KNU က သတ်လိုက်တယ်ဆိုပြီး ပြည်တောင် သစ္စာ ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က ဇူလိုင်လ ၁၆ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

အဲဒီ CDM စစ်သား ၅ ဦးကို ဇူလိုင်လ ၁၅ ရက်နေ့က KNU သတ်လိုက်တယ်ဆိုပြီးရေးသားထားပါတယ်။

ပြည်တောင် သစ္စာ ဆိုသူက “ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့ တောခိုသွားတော့ နီပိတ်တွေက warmly welcome people's soldier ဆိုပြီး ပျော်ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။ KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေးထား ပါတယ် ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့ ဓာတ်ပုံတွေရိုက် မီဒီညာတွေဆီပေး အွန်း လိုင်းပေါ်ကနေ သူတိုဂုဏ်ကို မြှင့်ယူကြတယ်။ မကြာပါဘူး မနေ့ ဇူလိုင် ၁၅ က ဒီ တောခို စစ်သည် ၅ ဉီးကို KNU က သူတို့ စစ်ကြောင်းတည် နေရာကို လိုက်ပြခိုင်းတာ စစ်ကြောင်းကိုလည်းမတွေ့၊ နေရာလည်း မပြနိုင်လို့ ပြဿနာတက်ပြီး သတ်ပစ်လိုက်ပြီ ဆိုပြီး သတင်း ထပ်တက်လာတယ်။သြော် ... ဒီ ၅ ယောက်လည်း ရှေ့ရှေ့က လမ်းစဉ်ကို လိုက်သွားပြန်ပီလို တွေးလိုက် မိတယ်...လူသေတာ ပျော်စရာမဟုတ်ပေမယ့်.. နိုင်ငံတော်အလံကို သူတိုလက်နဲ့ကိုင်ထိ သစ္စာဆိုခဲ့တဲ့ သစ္စာတွေ စူးတယ်လိုပဲ ခံယူလိုက်ပါတယ်” ဆိုပြီး (မူရင်းအရေးအသား အတိုင်း) ရေးတင်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အရင်က CDM လုပ်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KNU က သတ်ခဲ့တယ်ဆိုပြီး တော့လည်း ရေးထားတာကို တွေ့ရပါတယ်။

“ရှေ့မှာ တောခို တပ်သား သန်းထွန်းအောင် ကို မျက်စိပိတ် ကြိုးတုပ်ခေါ်သွားပြီး tတ်တဲ့ video လည်း ရှိပါ တယ်...KNU နဲ့ အဆင်မပြေရင် တောခိုသူအားလုံး အtတ်ခံရတာပါပဲ။အဆင်ပြေဉီးတော့ ဒီလူတွေကို တိုက်ပွဲ တွေမှာရှေ့က ဒိုင်းကာပုံစံမျိုး တက်ခိုင်းပြီး တိုက်ပွဲဝင်ခိုင်းတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။တောခို ဒုတပ် ကြပ်ဝေလင်းအောင်ဆို ဒီလိုတိုက်ခိုင်းလို့ ဉကရစ်ထတိုက်ပွဲမှာ ၂ ရက် မြောက်မှာတင် သွားပြီ” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးထားတာကို တွေ့ရပါတယ်။

ပြီးတော့ ကရင်နှင့် ဗမာ တိုင်းရင်းသားတွေကို ရန်တိုက်ပေးတဲ့ အရေးအသားတွေကိုလည်း ထည့်သွင်းရေးသား ထားတွေကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ CDM ဝင်ရောက်လာ တဲ့ တပ်မ ၄၄ က စစ်သား ၅ ယောက်ကို KNU က မသတ်တဲ့အပြင် ကောင်းမွန်စွာ စောင့်ရှောက်ထားလို့ပဲ ဖြစ်ပါ တယ်။

စစ်သား ၅ ယောက်က သတင်းဌာနတွေကို ပြောဆိုထားတာတွေကို ကြည့်မယ်ဆိုရင်လည်း KNU က သူတို့ကို မသတ်ပဲ ကောင်းမွန်စွာ စောင့်လျှောက်ထားတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

CDM လုပ်လာတဲ့ စစ်သေားတွေရဲ့ ပြောဆိုကို ဧရာဝတီ သတင်းဌာနက ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်မှာ ထုတ်လွှင့်ထားတဲ့ ရုပ်သံသတင်း ထုတ်လွှင့်ချက်ကို ဒီမှာ https://bit.ly/3aUDO8V တွေ့နိုင်သလို People’s Spring ရဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်လွှင့်ထားတဲ့ ရုပ်သံ ထုတ်လွှင့်ချက်ကိုလည်း ဒီမှာ https://bit.ly/3B0RdXN ဝင်ကြည့် လို့ရပါတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အကယ်လို့ KNU က CDM လုပ်လာတဲ့ တပ်မ ၄၄ က စစ်သား ၅ ယောက် ကို သတ်တာ မှန်တယ်ဆိုရင် ပြည်တွင်း ပြည်ပ သတင်းဌာနတွေက သတင်းရေးသား ကြမှာ ဖြစ်တဲ့အပြင် လူ့အခွင့် အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြောဆိုမှုတွေကလည်း ကျယ်ကျယ် လောင်လောင် ထွက် ပေါ်လာကြမှာပါ။

ဒါပေမယ့် အခုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သတင်းဌာနကမှ သတင်းရေးသားထားတာ မတွေ့ရသလို လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြောဆိုမှုတွေ မရှိတာကို ကြည့်မယ်ဆိုရင် CDM စစ်သား ၅ ယောက်ကို KNU က မသတ်ဘူးဆိုတာကို ယတိပြတ်ပြောလို့ရပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ ပြည်တောင် သစ္စာ ဆိုသူရဲ့ ရေးသားမှုဟာ KNU ကို နိုင်ငံတကာနဲ့ ပြည်သူတွေ အထင်အမြင်မှားအောင် လိမ်ညာ ဝါဒဖြန့်ဖို့အတွက်နဲ့ ကရင်နဲ့ ဗမာ တိုင်းရင်း သား လူမျိုးတွေကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်စေတဲ့ ရည်ရွယ်ချက်နဲ့ တမင်သက်သက် လုပ်ကြံဖန်တီး ရေးသား ထား တဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ပြည်တောင် သစ္စာ ဆိုသူရဲ့ ရေးသားမှုကို ကြိုက်နှစ်သက်သူ ၂၄၀၊ သဘောထား မှတ်ချက်ပေးသူ ၂၄ ယောက်နဲ့ ထပ်ဆင့်ဖြန့်ဝေသူ ၁၁၅ ယောက် အထိရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...