တမူးမြို့တွင် အသတ်ခံရသည့် အိန္ဒိယလူမျိုး ၂ဦးအတွက် ဒေသတွင်းအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

တမူးမြို့တွင် အသတ်ခံရသည့် အိန္ဒိယလူမျိုး ၂ဦးအတွက် ဒေသတွင်းအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

စစ်ကိုင်းတိုင်း ၊တမူးမြို့ ၊စော်ဘွားရပ်ကွက်ရှိ အမှတ်(၄) အထက်တန်းကျောင်း အနီးတွင် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ လာရောက်လည်ပတ်သော တမီးလ် လူမျိုး နှစ်ဦးအား ပျူစောထီးများက သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ခဲ့မှု နှင့် ပတ်သက်ပြီး ဒေသတွင်းရှိ အဖွဲ့အစည်းများက  ဇူလိုင်လ ၇ ရက် ရက်စွဲဖြင့် သဘောထားထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ပျူစောထီးများ၏ လုပ်ရပ်သည် အိမ်နီးနားချင်း ၊နိုင်ငံနယ်နမိတ်ချင်း ထိစပ်နေသည့် တမူးနှင့် မိုးရေးမြို့နေ ပြည်သူများ၏ ကောင်းမွန်သည့် ဆက်ဆံရေးကို ပျက်ပြားစေရန် နှင့် ယခုကဲ့သို့ ဖမ်းဆီး သတ်ဖြတ် မီးရှို့ မှုများကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ ရှောင်တိမ်းခိုလှုံနေရသည့် မြန်မာနိုင်ငံသားများအား စားဝတ်နေရေး အခက်အခဲဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟု ယူဆပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားသည့်အပြင် အိန္ဒိယအစိုးရအား စော်ကားရာကျသည် ဟု Tamu PDF တပ်ရင်း (၁)က ထုတ်ပြန်သည်။

ယင်းသို့ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် အိန္ဒိယနိုင်ငံရှိ Tamil ပြည်သူများနှင့်အတူ ထပ် တူဝမ်းနည်းကြေကွဲရပါကြောင်း Tamu PDF တပ်ရင်း (၂) ကလည်း ဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ ၊ ပျူစောထီးများသည် မြန်မာနိုင်ငံသူ/သား များအား ဖမ်းဆီးသတ်ဖြတ် မီးရှို့မှုများ ကျူးလွန်လျက်ရှိပြီး ယခုအခါ နိုင်ငံခြားသားများကိုပါ ဖမ်းဆီးသတ် ဖြတ်လာသည့်အပေါ် ကန့်ကွက်ရှုတ်ချပြီး သေဆုံးသွားသူ နှစ်ဦးအတွက် မိသားစု ပြည်သူများနှင့် ထပ်တူကြေကွဲရပါကြောင်း Fighter Police CDM (Tamu ) ကလည်း ထုတ်ပြန်ထားသည်။

ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး KSDF ကလည်း အိန္ဒိယနိုင်ငံ သာမန်အရပ်သား အပြစ်မဲ့ပြည်သူနှစ်ဦးအား ရက်စက်စွာသတ်ဖြတ်မှုသည် စိတ်ဓါတ် အောက်တန်းကျပြီး သဘောထားသေးသိမ်သော အကြမ်းဖက် မိစ္ဆာဝါဒီများ၏ သရုပ်အမှန်ကိုလည်း အထင်းသားမြင်တွေ့ခဲ့ရပြီး ဤကဲ့သို့လုပ်ရပ်အား လုံးဝ ရှုတ်ချကြောင်း ဖော်ပြထားသည်။

တမူးမြို့ ပြည်သူ့အုပ်ချပ်ရေး (ပအဖ) မှ အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံတွင် ပျူစောထီးများကို လျှို့ဝှက်သင်တန်းပေးခြင်း ၊ ငွေကြေး ရိက္ခာထောက်ပံ့ခြင်း နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးပြီး ဥပဒေမဲ့ လုပ်ရပ်များကို မြန်မာနိုင်ငံသားများအပေါ်တွင်မက နိုင်ငံခြားသားများကိုပါ လက်လွတ်စပယ် သတ်ဖြတ်လာသည့် အနေအထားသို့ရောက်ရှိလာပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်စေရေး ၊ တရားမျှတမှုရရှိစေရေးနှင့် နှစ်နိုင်ငံငြိမ်းချမ်းမှု ချစ်ကြည်ရင်းနှီးမှု ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို ယခုအချိန်တွင် အိန္ဒိယနိုင်ငံသားများပါ ခံစားရပြီဖြစ်ကြောင်း ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့်လည်းကောင်း၊ မဏိပူရ အစိုးရအနေဖြင့်လည်းကောင်း မိမိတို့၏ အကျိုးအမြတ်တစ်ခုထဲကိုသာမကြည့်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာစေရေး မားမားမတ်မတ် ရပ်တည်ပေးရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့် အရေး အစည်းအရုံးက ထောက်ပြထားသည်။

သေဆုံးခဲ့ကြသည့် တမီးလ်လူမျိုး Gamnom Veng Ward No,2 တွင်နေထိုင်သူ P Mohan (၂၈) နှစ် နှင့် Phaicham Veng Moreh Ward No, 4 တွင် နေထိုင်သူ M Iyarnar (၃၅) နှစ် တို့၏ ရုပ်အလောင်းများအား ပြန်လည်ရရှိရေးနှင့် တရားခံများ ဖော်ထုတ်နိုင်ရေးအတွက် မဏိပူရပြည်နယ် မိုးရေးမြို့ရှိ ဒေသခံများသည် လမ်းများပေါ်တွင် လှည့်လည် ချီတက်ဆန္ဒထုတ်ဖော်ခြင်း ၊ ရဲစခန်းသို့ သွားရောက်အရေးဆိုခြင်းများအပြင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ရဲကင်းစခန်း နှစ်ခုအား မီးရှို့ခြင်း၊ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများအား ဇွန်လိုင်လ ၆ရက် တွင်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယင်အခြေအနေများအား ထိမ်းသိမ်းနိုင်ရန် Tengnoupal ခရိုင် Magistrate တွင် လူငါးဦးထက် ပိုမစုဝေးရ အမိန့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ခဲ့ပြီး Tengnoupal Deputy Commissioner မှလည်း အရေးပေါ်အမိန့်ထုတ်ပြန်ပြီး အရေးကိစ္စမရှိဘဲ မြန်မာပြည်ဘက်ခြမ်းသို့ သွားလာခြင်းမပြုရန် သွားလာမည်ဆိုပါက သက်ဆိုင်ရာ ခွင့်ပြုချက် ရယူပြီးမှ သွားလာရမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်ဘက်မှလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် ပြုတော့မည်မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

နောက်ဆုံးသိရှိရသော သတင်းများအရ မိုးရေးမြို့တွင် အခြေအနေများ ပုံမှန်ရှိနေသော်လည်း နယ်စပ်သွားလာမှုမှာ အဝင်အထွက် လုံးဝမရှိဖြစ်နေကြောင်း ဒေသခံများထံက သိရှိရသည်။

November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...