Published
Monday, July 04, 2022
စကစရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီးနောက် ရခိုင်ကလူငယ်အများအပြားဟာ မိသားစုဝင်နဲ့ အဆက်အသွယ်မရဘဲပျောက်ဆုံးနေ (ဇူလိုင်လ ၀၃၊ ၂၀၂၂)
- ရခိုင်က အပြစ်မဲ့အရပ်သားတွေကို မြန်မာစစ်ကောင်စီက ဖမ်းဆီးနှိပ်စက်နေတာကို မရပ်တန့်ပါက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် အေအေ က ပြောဆိုလိုက်ပါတယ်။
- စစ်ကောင်စီအဖွဲ့ဝင်တွေ သွားရောက်တွေ့ဆုံခဲ့တဲ့ ကမန် ကျောင်းသား/သူ တချို့ဟာ ကျောင်းဖွင့်ပြီး ၁ လကြာတဲ့အထိ ကျောင်းတက်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။
- စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီးတဲ့နောက် ရခိုင်ကလူငယ်အများအပြားဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။