PDF က မြိုင်ပြည်သူတွေဆီက ဓါးပြတိုက်တယ်လို့ ပြောင်းပြန် သတင်းဖြန့်

PDF က မြိုင်ပြည်သူတွေဆီက ဓါးပြတိုက်တယ်လို့ ပြောင်းပြန် သတင်းဖြန့်

မြိုင် PDF က ပြည်သူတွေဆီကနေ ပိုက်ဆံနဲ့ ရွှေတွေကို ဓားမြတိုက်သွားတယ်ဆိုတဲ့ သတင်းပို့စ် တစ်ခုကို Ko Thiha ဆိုသူ Facebook အကောင့်ပိုင်ရှင် ဇွန်လ ၁၂ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

လူတစ်ယောက်ကိုင်ထားတဲ့ ငွေဖလားခွက်ထဲကို သက်ကြီးရွယ်အိုတွေ အပါအဝင် လူကြီးလူငယ်တွေနဲ့ ကလေး ငယ်တွေက ပိုက်ဆံနဲ့ ရွှေထည်လက်ဝတ်ပစ္စည်းတွေ သွားထည့်နေတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Ko Thiha ဆို သူက တင်ထားတာကို တွေ့ရပါတယ်။

ဓားပြ တိုက်ခံလိုက်ရတဲ့ မြိုင်ပြည်သူတွေ ဒါတောင် မီဒီယာတွေက လော်သေး PDF ကို လှူသတဲ့ ဆိုတဲ့ ခေါင်း စဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင်  “ရွာသူ ရွာသားတွေ ဘယ်လောက်တောင်  သနားဖို့ကောင်းသလဲ စီး ပွားရေးမကောင်းရတဲ့ကြားထဲ ရှိစုမဲ့စုလေးတွေကအကြမ်းဖက်သမားတွေက ဓားပြတိုက်......သူတို့ ဓားပြ အတိုက်ခံရတာတောင်မှ မီဒီယာဆို တာကြီးက သူတိုအဖြစ်မှန်ကို  မဖော်ပြ....... သိပ်ကို သနားဖိုကောင်းတဲ့ မြိုင်ပြည်သူတွေ...... သမီးလေး နားတောင်းလေး၊ သားရှင်ပြုဖို့ စုထားတဲ့  ပိုက်ဆံလေး .... မစားရက် မသောက်ရက်နဲ့ စုဆောင်းထားသမျှ  လှူပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာဓားပြတိုက်ခံလိုက်ရတယ်....... မြိုင် ပြည်သူတွေ ဝဠ်ကြွေးရှိရင်ကြေပါ စေလို့ ဝိုင်းဆုတောင်းပေးပါတယ် ငွေ ၆ သိန်းနဲ့ နားကပ် ၂၁ ရံ ပါသွားပါ တယ် 😔 Crd.ဖိုးစည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြိုင် PDF က ပြည်သူတွေကို ဓားမြတိုက်တာ မဟုတ်ပဲ ပြည်သူတွေက မြိုင် PDF ကို တော်လှန်ရေးအတွက် ကူညီထောက်ပံ့ချင်လို့ သူတို့ရဲ့ စိတ်ဆန္ဒအလျောက် လာရောက်ပေးလှူတာကို Ko Thiha ဆိုသူက ဓားမြတိုက်ပါတယ်ဆိုပြီး ရေးသားထားလို့ပဲဖြစ်ပါတယ်။

ပြီးတော့ Ko Thiha ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာလည်း ဇွန်လ ၁၀ ရက်နေ့က Basic Education General Strike Committee of Myaing - BEGSC – Myaing က ထုတ်ပြန်ထားတဲ့ ပြည်သူတွေက မြိုင် PDF ကို တော်လှန် ရေး အတွက် ကူညီထောက်ပံ့နေတယ် ဆိုတဲ့  ထုတ်ပြန်ချက်ထဲက ဓာတ်ပုံကို အသုံးပြုပြီးတော့ သူပြောချင်တဲ့ သတင်းစကား အမှားတွေကို ဓာတ်ပုံနဲ့တွဲပြီး လိုသလိုရေးသားထားလို့ပဲဖြစ်ပါတယ်။

 

ပြည်သူတွေက မြိုင် PDF ကို ကူညီထောက်ပံ့ချင်လို့ ပိုက်ဆံနဲ့ ရွှေ လက်ဝတ်လက်စားတွေ အလှူထည့်ဝင်ကြ တယ်ဆိုတဲ့ ဇွန်လ ၁၀ ရက်နေ့က Basic Education General Strike Committee of Myaing - BEGSC – Myaing ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3tyH6VD တွေ့နိုင်ပါတယ်။

ဒါ့အပြင် မြိုင် PDF ကို ပြည်သူတွေက အလှူငွေထည့်ဝင်ကြတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တော်တော်များများကလည်း သတင်းရေးသားထုတ်လွှင့်ထားကြတာကို တွေ့ရပါတယ်။

ဧရာ၀တီသတင်းဌာနရဲ့ သတင်းရေးသားမှုကို ဒီမှာ https://bit.ly/3mKQQbr တွေ့နိုင်သလို DVB https://bit.ly/3zBXjx5 ၊မြေလတ်အသံ သတင်းဌာန https://bit.ly/3tAlZ59 ၊ ရှမ်းသံတော်ဆင့် https://bit.ly/3tBI3wl စတဲ့ သတင်းဌာနတွေ ရဲ့ ရေးသားမှုတွေကို ဝင်ကြည့်လို့ရသလို တခြား သတင်းဌာန တွေရဲ့ ရေးသားမှုကိုတော့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ ဝက်ဆိုဒ် တွေမှာ ဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ Ko Thiha ဆိုသူက PDF တွေကို ပြည်သူတွေ မုန်းတီးအောင်၊ မကူညီအောင်၊ မထောက်ပံ့အောင်၊ စိတ်နာအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ သတင်းကို လိုသလို ပြုပြင်ဖန်တီးကာ လိမ်ညာ ဝါဒဖြန့်ဖို့ ရေးသား ထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ အခုအချိန်မှာဆိုရင် အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက် ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှား တွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင် စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာ ကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

 

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...