အခြားတက္ကသိုလ်ဝင်ခွင့်ရသူများ ဆေးတက္ကသိုလ်တက်ရန်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း စစ်ကောင်စီခွင့်ပြု

အခြားတက္ကသိုလ်ဝင်ခွင့်ရသူများ ဆေးတက္ကသိုလ်တက်ရန်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း စစ်ကောင်စီခွင့်ပြု

အခြားတက္ကသိုလ်ဝင်ခွင့်ရသူများအနေဖြင့် ဆေးတက္ကသိုလ်သို့ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ခွင့်ပြုလိုက်ပြီး ဆရာဝန်များပိုမိုမွေးထုတ်ရန် စစ်ကောင်စီကကြိုးစားနေသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်းမရှိသေးသူများ၊ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည်ဟု ပါရှိသည်။

ထိုသို့ လျှောက်ထားလာမှုများကို လစ်လပ်နေရာအပေါ်မူတည်ပြီး အမှတ်အများဆုံးရရှိသူများအား ရွေးချယ်ပြီး အစားထိုးပြောင်းရွှေ့တက်ခွင့်ပြုမည်ဟုလည်း ပါရှိသည်။

ယခုကဲ့သိုခွင့်ပြုချက်သည် ဒုတိယအကြိမ်လျှောက်လွှာခေါ်ယူခြင်းဖြစ်ပြီး လျှောက်လွှာပိတ်ရက်ကို ဇွန်လ ၂၂ရက်နေ့ သတ်မှတ်ထားသည်။

ယခင်က ဆေးတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ဘာသာ စုစုပေါင်းရမှတ်ဖြင့် တက်ရောက်ခွင့်ပြုခဲ့သော်လည်း အာဏာ သိမ်း စစ်ကောင်စီလက်ထက်တွင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ၌ အင်္ဂလိပ်၊ ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့သည်။

ထို့အပြင် ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေးပြီး ကျောင်းတက်ခွင့်ပေးမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့်အခါ တာဝန်ထမ်းဆောင်နေသော ဆရာဝန်အများအပြား အကြမ်းမဖက်အာဏာဖီဆန်ခြင်း (CDM) လုပ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြောင်းပြသရာ စစ်ကောင်စီကိုအမျက်ရှစေခဲ့ကာ ဖမ်းဆီးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းခြင်းတို့ပြုလုပ်လာခဲ့သည်။

ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို ပြီးခဲ့သည့် မေလ ၁၂ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် (၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၂၉၀၀ ကျော်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၇၅ဦးရှိပြီး ၇၀ရာခိုင်နှုန်းက စာရင်းသွင်း တက်ရောက်လျက်ရှိကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်းက ပြီးခဲ့သည့် မေလ ၁၈ရက်နေ့က ပြောသည်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အစိုးရ လက်ထက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တို့တွင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော သစ်လွင်ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၁၄၀၀ ကျော်ရှိခဲ့သည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...