ကော့မှူးမြို့နယ်တွင် အသေးစား စက်သုံးဆိီဆိုင် များ ပိတ်သိမ်းခံရ၍ ဒေသခံများ ဆီဝယ်ယူရာတွင် အခက်ကြုံနေ

ကော့မှူးမြို့နယ်တွင် အသေးစား စက်သုံးဆိီဆိုင် များ ပိတ်သိမ်းခံရ၍ ဒေသခံများ ဆီဝယ်ယူရာတွင် အခက်ကြုံနေ

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စက်သုံးဆီဆိုင်များကို ပိတ်သိမ်းခြင်းများ ပြုလုပ်နေသည့်အတွက် ဆီဝယ်ယူရာတွင် အခက်အခဲများ ကြုံနေကြောင်း ဒေသခံများထံက သိရသည်။

ကော့မှူး မြို့နယ် ဝါးဘလောက်သောက်ကျေးရွာရှိ ဓာတ်ဆီနှင့်ဒီဇယ်ဆီများကို ရောင်းချနေသည့် အသေးစားစက်သုံးဆီဆိုင် ခြောက်ဆိုင်ကို ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မရှိဟုဆိုကာ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ပိုင်ရှင်များကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဆီဆိုင်ကိစ္စက ၉ရက်နေ့က ဝါးဘလောက်သောက်ရွာကို စစ်တပ်က ဝင်စစ်ပြီး ဆီဆိုင် ခြောက်ဆိုင်ကို လိုင်စင်မရှိလို့ ဆိုပြိးသိမ်းသွားတယ်။ အဲ့ခြောက်ဆိုင်သိမ်းပြီးတဲ့နေ့တည်းက ကျန်တဲ့ဆိုင်တွေ အားလုံး ပိတ်သွားတယ် ။ ဘေးရွာက ဆိုင်တွေပါ ပိတ်ကုန်တယ်။ သိမ်းသွားတဲ့ ဆိုင်တွေ ပိုင်ရှင် ခြောက်ယောက်ကို ဖမ်းသွားတယ် မနေ့ကတော့ ပြန်လွတ်လာပြီလို့ သိရတယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

လိုင်စင်မရှိဟုဆိုကာ ပိတ်သိမ်းခဲ့သည့် အသေးစားစက်သုံးဆီဆိုင် ခြောက်ဆိုင်မှာ ကျေးရွာအတွင်း ဖွင့်လှစ်ကာ စက်သုံးဆီရောင်းချနေသည်မှာ နှစ်နှစ်ကျော် ရှိပြီဖြစ်ကြောင်းလည်း ဒေသခံများ ထံက သိရသည်။

စစ်ကောင်စီက အသေးစားစက်သုံးဆီဆိုင်များကို လိုင်စင်မရှိဟုဆ်ိုကာ ပိတ်သိမ်းခြင်းများကြောင့် အနီးဝန်းကျင်ကျေးရွာရှိ စက်သုံးဆီဆိုင်များကပါ ရောင်းချခြင်းမရှိတော့ဘဲ ပိတ်သိမ်းထားသည့်အတွက် ဒေသခံများ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

“ဒီဘက်မှာက ဆိုင်ကယ်တွေ အသုံးများတယ်လေ ။ ဆီဆိုင်တွေ ပိတ်လိုက်တော့ ဆိုင်ကယ်ဆီထည့်ဖို့တောင် တော်တော်လေးခက်သွားတယ် ‌။ ဈေးတွေလည်း တက်သွားတယ် ။ တစ်လီတာ တစ်ဗူးကို ၃၀၀၀လောက်ဖြစ်သွားတယ်။ နောက်ပြီးတော့ အခုချိန်က လယ်သမားတွေက လယ်ထွန်နေကြတဲ့အချိန်ဆိုတော့ စက်မောင်းဖို့ ဆီလိုနေတဲ့အချိန်လေ ၊ အခုဆီဆိုင်တွေပိတ်လိုက်တော့ ဆီဝယ်မရဘဲ တော်တော်လေး အခက်တွေ့နေကြတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

ကော့မှူးမြို့နယ်ရှ်ိ ကျေးရွာများတွင် ဆိုင်ကယ်ဆီဖြည့်ခြင်းနှင့် လယ်ယာလုပ်ငန်းတွင် အသုံးပြုသည့် စက်ပစ္စည်းများတွင် အသုံးပြုရန် စက်သုံးဆီများကို အသေးစားပန့်များဖြင့် ရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိသည်။

သို့်သော် စစ်ကောင်စီက အဆိုပါ အသေးစားစက်သုံးဆီဆိုင်များကို လိုက်လံပိတ်သိမ်းမှုများကြောင့် အချို့ဆိုင်များက ကြောက်လန့်ကာ ရောင်းချခြင်း မပြုလုပ်တော့သည့်အတွက် ဆိုင်ကယ်ဆီဖြည့်ဖို့အတွက်ပင် ဆီကို မှောင်ခိုဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ ရှိနေသည့် စစ်ကောင်စီတပ်သည် ကော့မှုးမြို့နယ်ကို အင်အားသုံးဖိနှိပ်ရန် ကြိုးစားနေပြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားသည်။

Most read this week

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...