Published
Monday, June 06, 2022
စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်တဲ့အစီရင်ခံစာကို ကချင်အမျိုးသမီးအဖွဲ့က ထုတ်ဝေ
- ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ကနေ ပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်တွေကို ထောက်ပြထားတဲ့အစီရင်ခံစာကို ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်း (KWAT)က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။
- ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ကနေ စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ကြားပေးဖို့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်နေပါတယ်။
- ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ KIA တပ်ရင်း ၂၇ နယ်မြေထဲ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)က ဝင်ရောက်လှုပ်ရှားလာတာကြောင့် စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပါတယ်။