“PDF တွေကို မကျေနပ်ဘူး အကုန်ရှင်းမယ်” ဟုခြိမ်းခြောက်သည့် တောပုရွာသား ပျူစောထီးဆိုသူ အသတ်ခံရ

“PDF တွေကို မကျေနပ်ဘူး အကုန်ရှင်းမယ်” ဟုခြိမ်းခြောက်သည့် တောပုရွာသား ပျူစောထီးဆိုသူ အသတ်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းတွင် “ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တွေကို မကျေနပ်ဘူး အကုန်ရှင်းမယ် မိုက်ရင်ထွက်ခဲ့” ဟုဆိုကာ လိုက်လံ အော်ဟစ်ခြိမ်းခြောက်နေသည့် တောပုကျေးရွာသား ပျူစောထီးဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Hunter People’s Task Force ထံက သိရသည်။

တောပုကျေးရွာသား ဒလန် ပျူစောထီးဟု ဆိုသူ ကိုခိုင်ဝင်းသည် ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စိန်ခေါ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

“တောပုကျေးရွာသား ပျူစောထီး ဒလန် နာမည်က ခိုင်ဝင်းပါ။ မနေ့ နေ့လယ်ပိုင်းက အရက်သောက်ပြီး အနီးအနားကျေးရွာကို ဝင်တယ်။ PDF တွေကို စိန်ခေါ်တယ်။ တစ်ရွာလုံးကို ပတ်ပြီးခြိမ်းခြောက်နေတယ်။ ရွာနာမည်တော့ လုံခြုံရေးအရ မပြောတော့ဘူး။ ရွာထဲကနေ ကျွန်တော်တို့ကို လှမ်းတိုင်တဲ့အတွက် သူ့ကို လိုက်ရှာပြီး ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ အဲ့ဒီနေရာမှာပဲ သေဆုံးသွားပါတယ်” ဟု Black Hunter People’s Task Force တာဝန်ရှိသူက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့သည် တောပုကျေးရွာသား ပျူစောထီးဒလန် ခိုင်ဝင်းကို သေနတ်ဖြင့် သုံးချက်ပစ်ကာပစ်ခတ်ရှင်းလင်းခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါ နေရာအနီး တဝိုက်သို့ တောပုကျေးရွာမှ ပျူစောထီးများ လာရောက်ခဲ့သည်။ ပျူစောထီး များသည် အခင်းဖြစ်ပွားရာ အနီးဈေးဆိုင်အတွင်းရှိ ခုံများကို ရိုက်ချိုး ဖျက်ဆီးခဲ့ပြီး သေနတ် ၁၀ ချက်ခန့် ပစ်ဖောက်သွားကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်းခဲ့သည့် ကိုခိုင်ဝင်းသည် တောပုကျေးရွာအတွင်းရှိ ပျူစောထီးများ ညဘက်ကင်းလှည့်သည့်အချိန်တွင် လက်နက်ကိုင်ဆောင်ကာ ပါဝင်သူဖြစ်သည်။ ထို့ပြင် ၎င်းနေထိုင်ရာအနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းဝင်ရောက်ကာ ခြိမ်းခြောက်ခြင်းနှင့် PDF များကို အမြစ်ဖြတ်ရှင်းလင်းသွားမည် ဟု အမြဲစိန်ခေါ် ကြွေးကြော်နေသူဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ တောပုကျေးရွာတွင် ရွာတောင်ခြမ်းနှင့် မြောက်ခြမ်း နှစ်ခြမ်းရှိပြီး တစ်ခြမ်းတွင် ပျူစောထီးများ အားကောင်းကြီးစိုးလျက်ရှိသည်။ စစ်ကောင်စီတပ်သည် အဆိုပါ ပျူစောထီးများကို လက်နက်များတပ်ဆင်ပေးခြင်း၊ ပျူစောထီး သင်တန်းပေးခြင်းဖြင့် ပူးပေါင်း၍ အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို လုယက်မှုခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

Black Hunter People's Task Force သည် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဒေါက်တိုင် ပျူစောထီး၊ ဒလန်များအနေဖြင့် အချိန်မီပြည်သူ့ဘက်ကရပ်တည်ကြရန်နှင့် ပြည်သူများနှင့် အတူရပ်တည်ခြင်းမပြုဘဲ စစ်ကောင်စီအလိုကျ ထပ်မံဒုက္ခပေးနေပါက ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

Black Hunter People’s Task Force သည် မုံရွာမြို့နယ် တောပုကျေးရွာရှိ ပျူစောထီး ခုနစ်ဦးအထိ ပစ်ခတ်ရှင်းလင်းထားခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ဒလန်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...