ဆွေးနွေးရာမှာ တိုက်ပွဲဝင်ရာမှာ ကိုင်စွဲကြရမယ့် အခြေခံအချက် ၄ချက်

ဆွေးနွေးရာမှာ တိုက်ပွဲဝင်ရာမှာ ကိုင်စွဲကြရမယ့် အခြေခံအချက် ၄ချက်
ဓာတ်ပုံ  -   RCSSနဲ့ စစ်ကောင်စီတွေ့ (Tai Freedom )
ဓာတ်ပုံ - RCSSနဲ့ စစ်ကောင်စီတွေ့ (Tai Freedom )

မောင်ကျော်စွာ — (၂၀၂၂ခုနှစ်၊ မေလ ၂၃ရက်) အကြမ်းဖက်သမား (စကစ) စစ်အုပ်စု မင်းအောင်လှိုင်တို့ ဖိတ်ခေါ်ချက်ကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၁၀ဖွဲ့က တုန့်ပြန်ခဲ့ကြတယ်။ အဲဒီအဖွဲ့ ၁၀ဖွဲ့ထဲမှာ (NCA) စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ဖွဲ့ထဲက အဖွဲ့ ၇ဖွဲ့ပါဝင်ပြီး (NCA) လက်မှတ်မထိုးရသေးတဲ့အဖွဲ့ ၁၁ဖွဲ့ထဲက အဖွဲ့  ၃ဖွဲ့ ပါဝင်နေတယ်။

ကနဦး သိရတဲ့ အချက်အလက်များအရတော့ သူတို့ဖိတ်ခေါ်ချက်ကို လက်ခံပြီး လာရောက်ဆွေးနွေးတဲ့ အဖွဲ့ တိုင်းကို အကြမ်းဖက်သမား မင်းအောင်လှိုင်က သူကိုယ်တိုင် လက်ခံပြီး တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ “နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့” လို့ ဆိုတဲ့အဖွဲ့နဲ့ ဆွေးနွေးကြရတယ်။ ဒီအဖွဲ့မှာ ဗိုလ်ရာပြည့်က ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့အဖြစ် ဗိုလ်မိုးမြင့်ထွန်းနဲ့ ဒီအဖွဲ့ရဲ့အတွင်းရေး ဗိုလ်မင်းနောင်တို့ ပါဝင်တယ်။ ဒါက (RCSS)နဲ့တွေ့ဆုံပွဲကနေ တဆင့်သိရတဲ့ အချက်အလက်ဖြစ်တယ်။ အဲဒီအဖွဲ့ရဲ့ နာမည်အပြည့်အစုံက “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ”ထဲမှာ အဖွဲ့ဝင်ဘယ်နှစ်ဦး ပါဝင်နေသလဲဆိုတာတော့ အတိအကျ မသိရ သေးပါဘူး။ လောလောဆယ်တော့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၂ဦးတော့ သိထားရပါတယ်။

(RCSS)နဲ့ စတင်ဆွေးနွေးကြတဲ့အထဲမှာတော့ (သတင်းဖော်ပြချက်အရ) “ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)နဲ့ အစိတ်အပိုင်း ၃မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား - ၂ပါ ဆွေးနွေးရန်အချက်များ” ကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ (RCSS) နဲ့ ပထမအကျော့ ဆွေးနွေးပြီးတဲ့နောက် ဒုတိယဆွေးနွေးမယ့် အဖွဲ့အ စည်းကတော့ မွန်ပြည်သစ်ပါတီ(NMSP) ဖြစ်ဖွယ်ရှိပါတယ်။ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌနိုင်အောင်မင်း ဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့ (၂၂-၅-၂၀၂၂) မှာ မော်လမြိုင်ကနေ နေပြည်တော်ကို ရောက်လာပြီလို့ သိထားရပါတယ်။

အကြမ်းဖျင်းသဘော ပြောရမယ်ဆိုရင်တော့ ယခင်က ဆွေးနွေးဆဲဖြစ်တဲ့ “၂၁ ရာစုပင်လုံဆွေးနွေးပွဲ”တွေမှာ  မပြီးပြတ်သေးတာတွေ၊ ညှိနှိုင်းရန်ကျန်နေတာတွေကို ဆက်ပြီးဆွေးနွေးကြတဲ့သဘောမျိုးတွေ့ရပါတယ်။ ဒီကိစ္စတွေ ကလည်း (NCA)စာချုပ် လက်မှတ်ရေးထိုးပြီးအဖွဲ့တွေနဲ့ပဲ ဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။ (NCA)စာချုပ် လက်မှတ်ရေး ထိုးခြင်းမရှိသေးတဲ့ (UWSP/UWSA) – (NDAA) – (SSPP) တို့နဲ့ဆိုရင်တော့ ဘာတွေဆွေးနွေးကြမယ် မသိပါဘူး။

အကြမ်းဖက်(စကစ) စစ်အုပ်စုဘက်ကတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ (NCA) စာချုပ်” ထဲ ဆွဲသွင်းဖို့ပဲ အဓိက ဦးတည်ပြီး ဆွေးနွေးသွားတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဓိကပစ်မှတ်ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး “လက်နက်ဖြုတ်သိမ်းဖို့နဲ့ နယ်ခြား စောင့်တပ်တွေ၊ ဌာနေပြည်သူ့စစ်အဖွဲ့တွေအဖြစ် တစတစ အသွင်ပြောင်းပြီး ဝါးမြိုပစ်ဖို့ပဲ” ဖြစ်ပါတယ်။

အဆက်ဆက်သော အုပ်စိုးသူတွေဖြစ်တဲ့ စစ်အုပ်စုတွေဆီမှာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ မရှိသလို ၂၀၀၈ အခြေခံဥပဒေနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်အကောင်အထည်ဖော်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ကိုလည်း ထမင်းစားပြီး ဦးနှောက်ပုံမှန်ရှိသူတိုင်းက နားလည်သဘောပေါက်ထားကြပါတယ်။

"၂၀၀၈ အခြေခံဥပဒေဆိုတာ စစ်အုပ်စုက ကွက်ပြည့်နင်းပြီး ဘက်စုံလွှမ်းမိုးချုပ်ကိုင်ထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ် - ရွေးကောက်ပွဲကော်မရှင်တို့ကို

အချိန်မရွေး ဖျက်သိမ်းနိုင်၊ အသစ်ဖွဲ့စည်းနိုင်၊ ဖမ်းဆီးနိုင်တဲ့ အာဏာဟာ စစ်အုပ်စုလက်ထဲမှာ ရှိပါတယ်။ နိုင်ငံရေးပါတီတွေဆိုတာ စစ်အုပ်စုလက်ခုပ်ထဲက ရေလိုပါပဲ။"

တန်းတူရေးနဲ့ ဒီမိုကရေစီ အပြည့်အဝရှိတဲ့ အခြေခံပေါ်ကသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင် စုကို ညှိနှိုင်းတည်ဆောက် အကောင်အထည်ဖော်လို့ ရနိုင်ပါလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာ စစ်အုပ်စုက ကွက် ပြည့်နင်းပြီး ဘက်စုံလွှမ်းမိုးချုပ်ကိုင်ထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ် - ရွေးကောက်ပွဲကော်မ ရှင်တို့ကို အချိန်မရွေး ဖျက်သိမ်းနိုင်၊ အသစ်ဖွဲ့စည်းနိုင်၊ ဖမ်းဆီးနိုင်တဲ့ အာဏာဟာ စစ်အုပ်စုလက်ထဲမှာ ရှိပါတယ်။ နိုင်ငံရေးပါတီတွေဆိုတာ စစ်အုပ်စုလက်ခုပ်ထဲက ရေလိုပါပဲ။ အချိန်မရွေး သွန်လိုသွန်၊ မှောက်လိုမှောက် ထင်သလို လုပ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ကြောင်း (၁-၂-၂၀၂၁) ရက်နေ့ အကြမ်းဖက် (စကစ) စစ်အုပ်စု အာဏာသိမ်းပိုက်မှုက အထင်အရှား ပြသခဲ့ပြီးပါပြီ။

ဒါကြောင့် လက်ရှိမြန်မာပြည်မှာ ဘယ်လိုနိုင်ငံရေးယုံကြည်ချက် အယူအဆနဲ့ ဘယ်လိုလမ်းစဉ်ပဲ ကိုင်စွဲထား တဲ့ နိုင်ငံရေးပါတီ/ အဖွဲ့အစည်းမဆို အောက်ပါ အချက် ၄ရပ်အပေါ်မှာ စွဲစွဲမြဲမြဲ၊ ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ သိပ်ကို လိုအပ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်သမား မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး သွားရောက်ဆွေးနွေး နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီအချက်တွေကို အခြေခံအားဖြင့်ကိုင်စွဲပြီး အကြမ်း ဖက် (စကစ)စစ်အုပ်စုကို ရင်ဆိုင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ပထမအချက် လွှတ်တော်ကို သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အထွေထွေရွေးကောက်ပွဲကနေ ပြည်သူလူထု က တိုက်ရိုက်မဲပေး ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းရမယ်။

ဒုတိယအချက် တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ အစိုးရရဲ့အဖွဲ့ရဲ့ ဝန်ကြီးဌာနများအနက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာပဲ ရှိရမယ်။

တတိယအချက် အခြေခံဥပဒေ ရေးဆွဲခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစ ရှိတဲ့ လုပ်ငန်းစဉ်များကို ပြုလုပ်ရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်များအလိုက် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကသာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံဆောင်ရွက်နိုင်ခွင့် အပြည့်အဝ ရှိရမယ်။

စတုတ္ထအချက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ သတ်မှတ်ထားတဲ့ သက်တမ်းပြည့်တဲ့အခါ တာဝန်မှ (ခြွင်းချက်မရှိ) အနားယူစေရမယ်။ စစ်တပ်ကို “ခါးပိုက်ဆောင်တပ် - တစ်လက်ကိုင်တပ်”သဖွယ် ပြုလုပ်ပြီး နိုင်ငံရေး - စီးပွားရေး - လူမျိုးရေး - ဘာသာရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြယ်လှယ်တာကို လုံးဝ ခွင့်မပြုရ။

အထက်မှာ တင်ပြခဲ့တဲ့ အချက် ၄ချက်ကို နိုင်ငံရေးအင်အားစုတိုင်းက အလေးအနက်ထား စွဲကိုင်ကြမယ်၊  အခြေခံကျကျ အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ စစ်မှန်ပြီးပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက် အကောင်အထည်ဖော်နိုင်ဖို့ ခရီး သိပ်မဝေးတော့ပါဘူး။

အကြမ်းဖက်သမား မင်းအောင်လှိုင်က သူကိုယ်တိုင် ထွက်ပြီး လက်ခံတွေ့ဆုံရတာဟာ ဒီမိုကရေစီနဲ့ ဖက်ဒ ရယ်ကို ပေးချင်လွန်းလို့မဟုတ်ပါဘူး။ ဒင်းတို့မှာ ပြည်တွင်းပြည်ပ အကြပ်အတည်းကြီး မရှူနိုင်မကယ်နိုင် ကြုံနေရလို့ သာ ထွက်ပေါက်တစ်ခုအဖြစ် ကြံစည်လုပ်ဆောင်လာတာသာ ဖြစ်ပါတယ်။ စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်ဗြူရို ကရေစီယန္တရား တည်ရှိနေသမျှ အပစ်အခတ် ရပ်စဲရေး - ငြိမ်းချမ်းရေး - ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး - စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဆိုတာဟာ အမှန်တကယ် တည်ဆောက်နိုင်လိမ့်မယ် မဟုတ်ပါ ဘူး။

တွေ့ဆုံဆွေးနွေးတာမှာပဲဖြစ်ဖြစ် - လက်နက်ကိုင် ခုခံတော်လှန်တာမှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ပင်မ ဦးတည် ချက်ဟာ “စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်ဗြူရိုကရေစီယန္တရား” ဘယ်လိုနည်းနဲ့မှ သက်ဆိုးရှည်စေဖို့ လုံးဝမဟုတ် ဘဲ အကုန်အစင် ရှင်းလင်းဖယ်ရှား ဖျက်သိမ်းပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပင်မဦးတည်ချက်ကနေ ဘယ်အင်အားစု မှ သွေဖည်သွားလို့ မဖြစ်ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ဖွဲ့နဲ့ (စကစ)စစ်အုပ်စု ဆွေးနွေးနေတာကို ဆက်လက် စောင့် ကြည့်လေ့လာပြီး လိုအပ်သလို သုံးသပ်ဝေဖန် တင်ပြသွားပါ့မယ်။

မှတ်ချက် # ဆောင်းပါးပါ အာဘော်များသည် ကေအိုင်စီ၏အာဘော် မဟုတ်ဘဲ ဆောင်းပါးရှင်၏အာဘော်သာ ဖြစ်ပါ သည်။

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...