Published
Sunday, May 15, 2022
မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအခက်အခဲနဲ့ရင်ဆိုင်နေရ (မေလ ၁၅၊ ၂၀၂၂)
- ကျောက်တော်မြို့မှာရှိတဲ့ မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
- အမ်းမြို့နယ်က ကျေးရွာအများအပြားကို ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် မကြာမီအချိန်မှာ ဒေသခံ တစ်သောင်းလောက်ဟာ အငတ်ဘေးနဲ့ရင်ဆိုင်ရမှာကို စိုးရိမ်နေကြပါတယ်။
- ရခိုင်မှာ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် (Passport) လုပ်ဆောင်သူတွေ အရင်ကထက်ပိုများလာနေပါတယ်။