စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခြံအမှတ် (၁၄) ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် စတင်ရောင်းချ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခြံအမှတ် (၁၄) ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် စတင်ရောင်းချ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား သဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်း ခြံအမှတ် (၁၄) ၏ မြေနှင့် အဆောက်အအုံကို အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် စတင် ရောင်းချမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက  မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ နိုင်ငံတော်ပိုင်မြေသည် ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းကာ ကာလပေါက်ဈေး အားဖြင့် အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေး ရှိသည်ဟု ဆိုသည်။ သို့သော် ယခု ရောင်းချသည့် အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ ဖြစ်သော အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမည် ဖြစ်သည်။ အစုရှယ်ယာ တစ်စုလျှင် အမေရိကန် ဒေါ်လာ ၁၀၀ သတ်မှတ် ထားကြောင်း ဆိုထားသည်။

ကမ္ဘာတလွှားရှိ ဆက်သွယ် ဝယ်ယူ ရရှိနိုင်မည့် ကိုယ်စားလှယ် အမည်စာရင်းနှင့် စတင် ရောင်းချမည့် အချိန်အား သီးခြားထုတ်ပြန် ပေးသွားမည် ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေ နီးစပ်သည့် နိုင်ငံတကာ ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူ ရရှိနိုင်ပါကြောင်းလည်း NUG က ထုတ်ပြန် ထားသည်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦး ခြေလှမ်း အဖြစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါ မြေနှင့် အဆောက်အအုံအား ကြိုတင် ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒ ကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တမ်းကောက်ယူမှု ခြောက်ရက်တာ ကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ ၁၈,၀၀၀ ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒ ပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြု ပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

ယခု ရောင်းချမှုအား အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက် စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေ ဆိုင်ရာ အခြေခံမူများ” အပိုဒ် (၄) နှင့် အပိုဒ် (၅) အရ စီမံ ဆောင်ရွက်ခြင်း ဖြစ်ပြီး အာဏာရှင် အဆုံးသတ် နိဂုံး အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင် ဝယ်ယူကြသူ အားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ် အပ်ပါကြောင်း ဆိုထားသည်။

Most read this week

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...