အာဏာသိမ်းအပြီး စစ်ကောင်စီမှ ရှမ်းပြည်နယ်အတွင်း ရေကာတာများ တိုးချဲ့တည်ဆောက်နေ

အာဏာသိမ်းအပြီး စစ်ကောင်စီမှ ရှမ်းပြည်နယ်အတွင်း ရေကာတာများ တိုးချဲ့တည်ဆောက်နေ
နမ္မတူရေအားလျှပ်စစ်စီမံကိန်း
နမ္မတူရေအားလျှပ်စစ်စီမံကိန်း

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအကြောင်းပြကာ ရေအားလျှပ်စစ်ထုပ်လုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် ရှမ်းပြည်နယ်နေရာအနှံ့အပြားတွင် ရေကာတာများ တိုးချဲ့တည်ဆောက်ရန်စီစဥ်နေပြီး အချို့နေရာများတွင် စတင်တည်ဆောက်ရန်ခွ င့်ပြုပေးလိုက်ပြီဖြစ်သည်။

ဧပြီလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ နမ္မတူမြစ်ပေါ်ရှိ နမ္မတူရေကာတာ စီမံကိန်း ကိုပြန်လည်စတင်နိုင်ရန်အတွက် Natural Current Energy Hydropower ကုမ္ပဏီနှင့် နေပြည်တော်တွင် ပဋိညာဉ်လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

စက်တပ်ဆင်အင်အား 210 မဂ္ဂါဝပ်ရှိသည့် အဆိုပါစီမံကိန်းသည် NLD အစိုးရလက်ထက်က ခွင့်ပြုချက် မရရှိသေးဘဲ တည်ဆောက်ရေးလုပ်ငန်းများကို NCEH ကုမ္ပဏီမှဆောင်ရွက်ခဲ့ခြင်းကြောင့် ခေတ္တရပ်နား ထားရသောစီမံကိန်းဖြစ်ပြီး NCEH ကုမ္ပဏီသည် စစ်ကောင်စီနှင့်နီးစပ်သည့် နိုင်ငံရေးပါတီတခုမှ ဗဟို အလုပ်အမှုဆောင်တစ်ဦး ရှယ်ယာပါသော ကုမ္ပဏီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဧပြီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးမှ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဝမ်တာပုံကျေးရွာ နမ့်လွေချောင်းပေါ်ရတွင် တည်ဆောက်ရန်စီစဥ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နမ္မတူရေအားလျှပ်စစ်စီမံကိန်းအပါအဝင် ရှမ်းပြည်နယ်အတွင်း တည်ဆောက်ရန်စီစဥ်နေသည့် ရေအား လျှပ်စစ်စီမံကိန်း ၂၀ ရှိနေပြီး လူထု၏ပြင်းထန်စွာကန့်ကွက်မှုကြောင့်ရပ်နားထားရသော သံလွင်မြစ်ပေါ်မှ ဧရာမရေကာတာစီမံကိန်း သုံးခုလည်းပါဝင်သည်။

ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီမှတည်ဆောက်မည့် ရေကာတာအများစုမှာ တိုင်းရင်းသားလက်နက် ကိုင်များအချင်းချင်း ပဋိပက္ခဖြစ်ပွားရာနေရာများတွင်သော်လည်ကောင်း၊ စစ်ကောင်စီနှင့်တိုင်းရင်းသား လက်နက်ကိုင်များတိုက်ပွဲများဖြစ်ရာနေရာများတွင်လည်းကောင်း တည်ရှိနေရာ ဒေသခံများမှာ ပဋိပက္ခ များ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။

Most read this week

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...