KNU တပ်မဟာ ၆ က တပ်ဖွဲ့ဝင်တွေ တပ်ကို စွန့်ခွာဆိုတဲ့ သတင်းမှား ဖြန့်ဝေ

KNU တပ်မဟာ ၆ က တပ်ဖွဲ့ဝင်တွေ တပ်ကို စွန့်ခွာဆိုတဲ့ သတင်းမှား ဖြန့်ဝေ

KNU တပ်မဟာ ၆၊ ရင်း ၁၈ က တပ်ဖွဲ့ဝင်တွေဟာ စားနပ်ရိက္ခာနဲ့ ခဲယမ်း လိုအပ်ချက်တွေကြောင့်သာမက တပ်မ တော်ရဲ့ ဝေဟင်ပစ်ခတ်မှုတွေကြောင့် တပ်စခန်းကို စွန့်ခွာသွားတယ်ဆိုတဲ့ ရုပ်သံ သတင်းတစ်ခုကို ဝေယံထက် ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဧပြီလ ၆ ရက်နေ့က တင်ထားပါတယ်။

KNU တပ်ဖွဲ့ဝင်တွေက စခန်းတစ်ခုကနေ ထွက်ခွာသွားတဲ့ ရုပ်သံတစ်ခုကို အသုံးပြုပြီး အဲဒီရုပ်သံနဲ့အတူ ဝေယံ ထက် ဆိုသူက စာရေးတင်ထားတာကို တွေ့ရပါတယ်။

ဝေယံထက်က “တပ်မတော် ပစ်ချက်များကြောင့် ခေါင်းဆောင်ကျဆုံးခဲ့၍ တပ်မဟာ ၆ ရင်း ၁၈ Knu စခန်းတစ် ခုမှ လက်အောက်ငယ်သားများ မိမိဆန္ဒအလျောက်စခန်းကို စတင်စွန့်ခွာကြောင်း ဖော်ပြ.. အုပ်ချုပ် ထောက်ပံ့မှု မရှိခြင်း၊ စားနပ်ရိက္ခာ ခဲယမ်းလိုအပ်ချက်နှင့် တပ်မတော် ဝေဟင်ပစ်ချက်များကြောင့် ဆုတ်ခွာရကြောင်း ပါရှိ။ မည်သည့်စခန်းဖြစ်သည်ကိုမူ ဖော်ပြခြင်းမရှိ” ( မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးထားတာကိုတွေ့ရပါ တယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ မော်ခီးစခန်းကုန်းကို KNLA ပူးပေါင်း တပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ ဖျက်ဆီးပြီးနောက် ပြန်ထွက်ခွာသွားကြတဲ့ ရုပ်သံဖိုင်ကို ဝေယံထက် ဆိုသူက KNU တပ်မဟာ ၆ တပ်ဖွဲ့ဝင်တွေက စခန်းကိုထားပြီး စွန့်ခွာသွားတဲ့ ပုံစံနဲ့ လိမ်ညာ ဝါဒဖြန့် ရေးသားထားလို့ ပဲ ဖြစ်ပါတယ်။

KNLA ပူးပေါင်း တပ်ဖွဲ့တွေက မော်ခီးစခန်းကုန်းကို တက်ရောက်သိမ်းပိုက် မီးရှို့ဖျက်ဆီးပြီး ပြန်လည်ထွက်ခွာ သွားတဲ့ ရုပ်သံဖိုင်ဟာ မတ်လ ၂၂ ရက်နေ့ကစပြီး လူမှုကွန်ရက်တွေမှာ တော်တော်များများ ပြန့်လာခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကို ဝေယံထက်ဆိုသူကယူ သူပေးချင်တဲ့ သတင်းစကားကို လိုသလို ရေးသားပြီး ရုပ်သံဖိုင်ကို ပြန် တင်ခဲ့တာပဲ ဖြစ်ပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မော်ခီးစခန်း တက်ရောက်သိမ်းပိုက်ခဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြောင်းကိုလည်း သက်ဆိုင်ရာ KNLA ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူတွေကို မေးမြန်းပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာ တော်တော်များများက သတင်းရေးသား ထုတ်လွှင့်ခဲ့တာတွေကိုလည်း တွေ့ရပါတယ်။

ခေတ်သစ်မီဒီယာ သတင်းဌာနက တင်ထားတဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တွေက မော်ခီးစခန်းကုန်းကို တက်ရောက် သိမ်းပိုက် မီးရှို့ဖျက်ဆီးပြီး ပြန်လည်ထွက်ခွာခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ဒီမှာ https://bit.ly/3vrOMca ဝင်ကြည့်လို့ရ ပါ တယ်။

ဒါကြောင့် အချက်တွေကို တိုက်စစ်လိုက်တဲ့အခါမှာ ဝေယံထက်ဆိုသူရဲ့ ရေးသားမှုဟာ မြေပြင်မှာ တကယ်လက် တွေ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို အခြေခံပြီး ရေးသားထားတာ မဟုတ်သလို ရုပ်သံဖိုင်က ပေးချင်တဲ့ သတင်းစကား အမှန်ကို အမှားဖြစ်အောင် လိမ်ညာဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရပါ တယ်။

ဝေယံထက် ဆိုသူရဲ့ ရုပ်သံသတင်းပို့စ်ကို ကြိုက်နှစ်သက်သူ၊ သဘောထားမှန်ချက်ပေးသူနဲ့ ထပ်ဆင့်မျှဝေသူတွေ လည်း ရှိနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေး သားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...