Published
Monday, April 04, 2022
သင်္ကြန်မတိုင်ခင် KNC ဥက္ကဋ္ဌကို မြစ်ကြီးနားတရားရုံးက ထပ်မံ တရားစီရင်မည်
- မြစ်ကြီးနားမြို့မှာရောက်ရှိနေတဲ့ ပူတာအိုစစ်ဘေးရှောင်ပြည်သူအားလုံး လာမယ့် ဧပြီလဆန်း ၅ ရက်နေ့ကို နောက်ဆုံးထားပြီး နေရပ်ပြန်မှာဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
- ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီဖြစ်ပေမဲ့ နောက်ထပ် တရားစွဲဆိုထားတာရှိသေးတယ်လို့ သိရပါတယ်။
- ကချင်ပြည်နယ်အတွင်းအပြင် မော်တော်ယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမယ့်ပြည်သူတွေအနေနဲ့ ဧပြီလကစပြီး မှတ်ပုံတင်ပါမှသာ သွားလာခွင့်ပေးဖို့ ယာဉ်လိုင်းတွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။