ကျင်းပပြီးစီးခဲ့တဲ့ “တပ်မတော်နေ့” အခမ်းအနားကို နိုင်ငံကျော် အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် (အူဝဲ)တို့ တက်ရောက်ခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံကို Aung Myat Thu ဆိုသူ Facebook အကောင့်ပိုင်ရှင်က မတ်လ ၂၇ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။
Aung Myat Thu ဆိုသူက ဓာတ်ပုံနဲ့အတူ “နင်.....နင်တို့လုပ်ရက်လိုက်တာ မောင်ချို နဲ့ အူဝဲရာ” ( မူရင်းအရေး အသားအတိုင်း) ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။
အဆိုပါ ဓာတ်ပုံဟာ ဓာတ်ပုံအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ဇင် (အူဝဲ) တို့ တက်ရောက်ခဲ့ခြင်း မရှိလို့ပဲဖြစ်ပါတယ်။
အဲဒီဓာတ်ပုံနဲ့ ရေးသားချက်ဟာ မဟုတ်မမှန်ကြောင်း ချမ်းမြေ့မောင်ချိုက သူရဲ့ လူမှုကွန်ရက် Facebook စာမျက် နှာမှာ ပြောဆိုထားတာကို တွေ့ရပါတယ်။
ချမ်းမြေ့မောင်ချိုက “နေ့ချင်းညချင်းတော့ ဆံပင်က မရှည်နိုင်ဘူးထင်တာပဲ လွန်ခဲ့တဲ့ ၃ နှစ်က ပုံတွေ ပြန်ပီး တင် နေကြတာတွေ့လို့ ပြောချင်ရင် မောင်ချို့ကိုပဲပြော သူများဆွဲမထည့်ပါနဲ့ ပြောမယ်ဆိုလဲ သေချာ သိပီ ဆိုမှ ပြော ကြပါ။ မနေ့ညက အဲ့ကို သွားတာတွေ့တယ်လို့ပြောတဲ့သူ ဒဲ့ရှင်းမယ် လာခဲ့ သက်သေရှိလား ? မရှိဘူးမှတ်လား အေးဆေးလေးနေလိုက်ကြပါ။ ဘယ်သူမှပျော်ရွှင်မနေဘူး။ အပူတွေ ထပ်လာမပေးနဲ့ ပီးတော့လိုက်ပီးလဲ ယောင် မနေနဲ့။ သူများပြောတိုင်းလဲ အဟုတ်ကြီးထင်ပီး ငါလဲ လိုက်ယောင်ဦးမှမလုပ်နေနဲ့ မီးတွေပျက်နေတယ်။ ဖုန်းအား တွေ ပါဝါဘဏ့်တွေ အားသွင်းကြ။ သူများကို ပြောဖို့ အားနေတယ်ဆိုရင် ပုတီး လေးစိတ် အော် ငါ့မှာ အကုသိုလ် တွေများနေပီဆိုပီး ဘုရားလေးရှိခိုးကြဦး” ဆိုပြီး ရေးသားထားပါတယ်။
ချမ်းမြေ့မောင်ချိုရဲ့ ရေးသားမှုကို သူ့ရဲ့ Facebook စာမျက်နှာထဲမှာ https://bit.ly/3tJ0fVa ဝင်ကြည့်လို့ရပါ တယ်။
ဒါ့အပြင် သရုပ်ဆောင် အိန္ဒြာကျော်ဇင် (အူဝဲ) ဟာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ တောက်လျှောက်ဆိုသလို ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက ၅၀၅ က နဲ့ ဖမ်း ဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရပြီး အကြာသေးမှီကမှ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Aung Myat Thu ဆိုသူ တင်ထားတဲ့ အဲဒီဓာတ်ပုံကနေ ပေးချင်တဲ့ သတင်းအချက်အလက်တွေဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို သတင်းအမှား စိစစ်တဲ့အဖွဲ့တွေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက စိစစ်ပြီး သတင်းရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။
သတင်းအမှားတွေကို စိစစ်ရေးသားနေတဲ့ တွေးပြီးမှယုံ-Think Before You Trust ကနေ သတင်းအမှား ဖြစ် ကြောင်း စိစစ်ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3DiL7B7 ကြည့်လို့ရသလို Mizzima သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3JT6RpW တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက် အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Aung Myat Thu ဆိုသူက ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ဇင် (အူဝဲ)တို့ကို ပြည်သူလူထုတွေ အထင်အမြင်မှားအောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
Aung Myat Thu ဆိုသူ တင်ထားတဲ့ ဓာတ်ပုံကို လက်ရှိ အချိန်အထိ ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက် ပေးသူ တော်တော်များများရှိနေတဲ့အပြင် ထပ်ဆင့်ဖြန့်ဝေသူ ၄၀၀ နီးပါးအထိရှိနေပါတယ်။
လက်ရှိမှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်တဲ့ သတင်းအမှား၊ NUG ၊ CRPH ၊ PDF နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ နိုင်ငံခေါင်းဆောင်တွေ၊ နာမည် ကြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အပြင် လူတစ်မျိုးနဲ့တစ်မျိုး မုန်းတီးအောင်၊ လူ မျိုးရေး ပဋိပက္ခကို ဖြစ်စေတဲ့ ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါ တယ်။ တစ်ဖက်မှာလည်း တော်လှန်ရေး အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ သဘောထားကွဲလွဲစေတဲ့ ရေးသား မှုတွေ၊ လှုံဆော်မှုတွေကို သတင်းတု/ သတင်းမှား ဖြန့်ဝေသူတွေက ပုံစံမျိုးစုံ နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတဲ့ အချိန်ကာလလည်း ဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် သတင်းတု/သတင်းမှားတွေကို ရုပ်သံပုံစံမျိုးရော၊ အွန်လိုင်း သတင်းရေးသားမှုပုံစံမျိုးရော၊ နှစ်မျိုးစလုံး နဲ့ သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို အသုံးပြုကာ ဖြန့်ဝေနေတာကိုတွေ့ရပါ တယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက် အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတဲ့အပြင် သတင်းအမှန်တွေကို သတင်းအမှားတွေပါဆိုပြီး ရေးသားကာ ဖြန့်ဝေနေကြတာတွေလည်း ရှိပါတယ်။
ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။