KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို

KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးရွာ အနီးတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ရက်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့်ကျဆုံးကာ လက်နက်ခဲ ယမ်းအမြောက်အများလည်းသိမ်းဆည်းရမိသည်ဟု တော်လှန်ရေးပူးပေါင်းအင်အားစုအဖွဲ့ဘက်က တာဝန်ရှိသူများက ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်မ ၄၄ နှင့် မြဝတီဒေသအခြေစိုက်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့အင် အား ၃ဝဝ ကျော်သည် မတ်လ ၂၇ ရက်နေ့က မြ၀တီ-ဝေါလေလမ်းမ ဘလယ်ဒို့ကျေးရွာအနီးတွင် ထိုးစစ်ဆင် လာပြီး တော်လှန်ရေးပူးပေါင်း အင်အားစုအဖွဲ့နှင့် မတ်လ ၂၇ ရက်တွင် တစ်ကြိမ်၊ ၂၈ ရက်နေ့တွင် ၂ ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့မတ်လ ၂၉ ရက်နေ့တွင် ပြောသည်။

၎င်းက “ မနေ့က နှစ်ပွဲထပ်ဖြစ်တယ်။ သူတို့ဘက်က တပ်မဆုတ်ပဲ ထိုးစစ်ဆင်လာတော့ ပြန်ဖြစ်တယ်။ ၁၅ ယောက်လောက်ကျတယ်။ တိုက်ပွဲက ညအချိန်ဖြစ်တော့ လက်နက်တွေ မကောက်ယူနိုင်ခဲ့ဘူး။ ၂ ရက်အတွင်းမှာတော့ သူတို့ ၈၀ ခန့်ကျမယ်။ လက်နက်ခဲယမ်းတွေရော၊ ဆက်သွယ်ရေးစက်တွေရော သိမ်းဆည်းရမိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲကြောင့် ဘလယ်ဒို့ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံ ၂ဝဝဝ ကျော်ထိုင်းဘက်သို့ စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု KNU တပ်မဟာ ၆ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...