ထိုသတင်းအမှားကို မာနခဲလေး အကောင့်ကနေ မတ်လ ၂၁ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက် လက်ရေးသားဖော်ပြထားတာက “ အပြစ်မဲ့ ကျေးရွာသူ ကျေးရွာသား ၅၀ ကျော်ကို လက်ပြန်ကြိုးတုတ်ဖမ်းဆီး ခေါ် ဆောင်သွားပါတယ်။ စမ်းမြို့ မရောက်ခင် ကယ်နိုင်မှ အသက်ရှင်ကြမှာဖြစ်ပြီး စမ်းမြို့ရွာကိုကျော်တာနဲ့ NLD PDF အဖွဲ့ဟာ အပြစ်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြစ်တော့မှာ ဖြစ်ပါတယ်” ရေးသားဖော်ပြထားပါတယ်။
ဆက်လက်ပြီး သတင်းအမှားမှာ ဖော်ပြထားတာက “လေကြောင်းသုံးခွင့်မရှိဘူးလို့သိရပြီး မြောက်ခရမ်းရွာကို အချိန်မှီ လေကြောင်းစစ်ကူ မရောက်ခဲ့ပါ မြေပြင်မှ တပ်မတော်အချို့သာရောက်ခဲ့ပြီး နောက်ကျခဲ့ပါတယ်၊ အခုအခါ အိမ်ခြေ ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အပြစ်မဲ့ပြည်သူများ အသတ်ခံနေရမှုကို စာရင်းကောက်ယူနေဆဲ ဖြစ်ပါတယ်၊ ဖမ်းဆီးခံရသော ကျေးရွာသူ ကျေးရွာသား ၅၀ ကျော် စမ်းမြို့ရွာကျော်ရင် သတ်မယ်လို့ပြောသွားပါတယ်။” လို့ရေးသားထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဂန့်ဂေါ်- PDF မှ တာဝန်ရှိသူကိုဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုဖြေကြားခဲ့ပါတယ်။ " ဒါက PDF တပ်ဖွဲ့တွေကို အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးရေးသားထားတဲ့သတင်းသက်သက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တကယ်တော့ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ရွာဘက်ကို မတ်လ ၁၈ ရက်နေ့ကတည်းက ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာသတ်ဖြတ်တာ၊ နေအိမ်တွေမီးရှိုတာ၊ မတရားဖမ်းဆီး တာတွေလုပ်ဆောင်ခဲ့တာလို့ PDF-Gangaw တပ်ဖွဲ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Data for Myanamar ရဲ့စာရင်းမှတ်တမ်းအရ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေက ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီး ၁၁ အတွင်းမှာ နေအိမ် ၅၅၅ လုံးမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
Link>>>https://www.facebook.com/824067484628125/posts/1576088836092649/?sfnsn=mo
ဒါကြောင့် မာနခဲလေးအကောင့်မှာ Kyaw Swar ရေးသားဖော်ပြထားအကြောင်းအရာဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူများအနေနဲ့ ကိုယ့် Page / Account မှာတက်လာသမျှ သတင်းအကြောင်းရာတိုင်းကို မယုံကြည်ပဲ အချက်လက်မှန်/မမှန် စစ်ဆေးဖတ်ရှုသင့်ပါတယ်။