ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၁၀)နာရီကျော် အချိန်က မိုင်းခွဲခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီးမော်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းအနီးမှာ မနေ့က ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းနှစ်ပတ်လည်နေ့ သတိပေးတဲ့အနေနဲ့ PDF တွေကပြုလုပ်တာဖြစ်တယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။
ထိုပေါက်ကွဲမှုကြောင့် ပျက်စီးမှုအကြောင်းကိုတော့ မသိရေသေးပေ။
ဒါ့အပြင် မံကပ်ကျေးရွာနဲ့ နားမှော်ကျေးရွာအနီးမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဗန်းမောက်မြို့နယ် တောင်းပိုင်းက နားမော်ကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ည ၈ နာရီခွဲကျော်အချိန်က မိုင်းခွဲခံရမှုလည်းဖြစ်ပွားခဲ့ပါတယ်။