NUG ထဲမှာ သူလျိုတွေ ရှိတယ်လို့ ဒေါက်တာ ဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

NUG ထဲမှာ သူလျိုတွေ ရှိတယ်လို့ ဒေါက်တာ ဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

NUG ထဲမှာ SPY များစွာ ရှိနေတယ်လို့ ဒေါက်တာ ဇော်ဝေစိုးမှ ပြောကြားခဲ့တယ် ဆိုပြီး ရေးသားထားတဲ့ သတင်း ပို့စ်တစ်ခုကို Nang Moh Moh Akari (နန်းမို့မို့ဧကရီ) ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၁၄ ရက်နေ့ မှာ ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံပါတဲ့ သတင်းစာ အပိုင်းအစ တစ်ခုနဲ့အတူ ရေးတင်ထားတာကို တွေ့ရပါတယ်။

Nang Moh Moh Akari ဆိုသူက “NUG ထဲမှာ SPY များများစွာ ရှိနေကြောင်းဒေါက်တာဇော်ဝေစိုးမှ ပြော ကြား ခဲ့ပြီး..။ နောက်နောင်ကို မိမိအနေဖြင့် မည်သူနှင့်မျှ လက်နက်ကိစ္စများတွေ့ဆုံဆွေးနွေးသွားရန်  အကြောင်းမရှိ တော့ကြောင်းကိုလည်း မဲခေါင်သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားသွားခဲ့ကြောင်း သိရပါတယ်..၊ တ ကယ်တော့ NUG ထိပ်ပိုင်းနဲ့ယခင် NLD ခေါင်းဆောင်များအကြား အတော်လေး သဘောထားကွဲနေကြတာကို တွေ့ရပါတယ်..။ ဒီဖြစ်ရပ်ကိုကြည့်ရင် နောက်ကျောကို ဓါးနဲ့ထိုးကြတဲ့သူတွေဟာ နေရာတိုင်းမှာ ရှိနေတယ် ဆို တာကို တွေ့ကြရမှာဖြစ်ပါတယ်...။ နောက်ထပ်ဘယ်သူတွေ ဖော်ကောင် လုပ်ကြ မလဲဆိုတာ စိတ်ဝင်စားဖွယ် ရာမှာ” လို့ (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံပါတဲ့ သတင်းစာ အပိုင်းအစထဲမှာလည်း ဒေါက်တာ ဇော်ဝေစိုး လက်နက် ကိစ္စ ဆွေးနွေးထားတဲ့ ဗီဒီယို ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားတဲ့အတွက် ဒေါက်တာဇော်ဝေစိုးက ပေါက်ကွဲဒေါသထွက်နေတဲ့ အကြောင်းတွေကို ရေးသားထားပါတယ်။

အဲဒီ သတင်းစာ အပိုင်းအစ ထဲမှာဆိုရင် “အဆိုပါ Movie လေးပေါက်ကြား ခဲ့သည့်အတွက် ဒေါက်တာ ဇော်ဝေ စိုးမှာ ပေါက်ကွဲနေပြီး NUG ထဲမှာ သစ္စာမရှိသူ လက်ထောက်ချနေသူများ ဧကန်ရှိနေပြီး မကြာခင် ရှင်းလင်း ရေး လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဦးရည်မွန်ဘက်က CDM လုပ်လာတဲ့ (တပ်ပြေး) အရာရှိများ၊ နည်းပညာ ဆိုင်ရာ လုပ်ကိုင်နေသူများကို သံသယရှိကြောင်း အတည်မပြုနိုင်သည့် သတင်းရင်းမြစ်များက စုံစမ်းသိရှိရပါ တယ်။ (၀၀၃၄)” တွေ့ရပါတယ်။

အဆိုပါ ရေးသားမူတွေဟာ လိမ်ညာဝါဒဖြန့်ထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Nang Moh Moh Akari  ဆိုသူ ပြောသလိုမျိုး ဒေါက်တာ ဇော်ဝေစိုးအနေနဲ့ ပြောဆိုထားတာ မရှိလို့ ဖြစ်ပါတယ်။

NUG မှာ ပါဝင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာလည်း သူတို့တွေရဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နေ ကြပြီး စစ်အာဏာရှင် အမြစ်ဖြတ်ဖို့အတွက် နိုင်ငံတကာ အစိုးရအဖွဲ့တွေ၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကိုယ်စား လှယ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အစည်းအဝေးတွေကို နေစဉ်ရက်ဆက် လုပ်ဆောင်နေတာကို ကြည့်မယ်ဆိုရင် NUG ထဲမှာ သဘောထား ကွဲလွဲမှု ရှိတယ်လို့ ပြောဆိုမှုတွေဟာ တိကျခိုင်လုံတဲ့ သက်သေ အထောက်အထား မတွေ့ရပါဘူး။ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ NUG အစိုးရရဲ့ လုပ်ဆောင်မှု တွေကို ဒီမှာ https://bit.ly/32fevds ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် ဒေါက်တာဇော်ဝေစိုး ဓာတ်ပုံပါတဲ့ သတင်းစာ အပိုင်းအစထဲမှာ ရေးသားထားတဲ့ သတင်းရဲ့ အဆုံး မှာ ဆိုရင်လည်း အတည်မပြုနိုင်တဲ့ သတင်းအရင်းအမြစ်ဆိုပြီး သုံးနှုန်းထားတဲ့အတွက် Nang Moh Moh Akari ဆို သူ တင်ထားတဲ့ သတင်းပို့စ်ဟာ သတင်းအမှန်တွေ မဟုတ်ပဲ အလိမ်အညာတွေနဲ့ ဖန်တီးထားတဲ့ တိကျ ခိုင်လုံ မှုရှိတဲ့ အချက်အလက်တွေကို အခြေမခံတဲ့ ဝါဒဖြန့် သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ် တွေ့ ရှိရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ NUG အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ဝန်ကြီးတွေကို  ပြည် သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ မဟုတ်မမှန် သတင်း စကား တွေ၊  မဟုတ်မမှန်တဲ့ ဓာတ်ပုံတွေ၊ ရေးသားမှုတွေ၊ ရုပ်သံတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...