ဖမ်းဆီးခံ ပရဟိတ လူငယ် လေးဦး ပြန်လွတ်

ဖမ်းဆီးခံ ပရဟိတ လူငယ် လေးဦး ပြန်လွတ်

ဖမ်းဆီးခံ ပရဟိတ လူငယ် လေးဦး ပြန်လွတ်ဧရာဝတီတိုင်း ညောင်တုန်းမြို့ရှိ “ပီတိ” လူငယ် ပရဟိတအသင်းက ဖမ်းဆီးခံလိုက်ရသည့် အသင်းဝင်လူငယ် ၄ ဦး ပြန်လွတ်လာပြီဟု သိရသည်။

၎င်းတို့ရုံးအတွင်း လက်နက်များရှိသည် PDF အဖွဲ့များနှင့် ဆက်စပ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် “ပီတိ” လူ ငယ် ပရဟိအသင်းရုံးအား ဝင်ရောက်စစ်ဆေးပြီးနောက် လူငယ် ၄ ဦးကို ထိုးကြိတ်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အခုတော့ ပြန်လွတ်လာပါပြီ။ ဒီအဖွဲ့မှာ ပစ္စည်းရှိတယ်ဆိုပြီး အပြင်က လူကြီးတစ်ယောက်က တိုင်တယ်။ အဲ့ ဒါကြောင့် လာဖမ်းတယ်။ ပစ္စည်းဆိုတာက လက်နက်ပေါ့နော်။ အဲ့ဒါနဲ့ ရုံးကကလေးတွေကို လာဖမ်းသွားတာ။ ဖမ်းတယ်ဆိုတော့ ရိုက်ခံရတာမျိုးတွေတော့ ရှိတာပေါ့။ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်နှစ်ယောက် ခံဝန်သွားထိုးပြီး ပြန်ခေါ်လာရတာ” ဟု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ညက စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီး အသင်းက လူငယ် ၄ ဦးကို ထိုးကြိတ်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“အသင်းက နိုင်ငံရေးနဲ့ မပတ်သက်ဘူး၊ ပရဟိတအသင်းပဲဖြစ်တယ် ဆိုတာမျိုးတွေ ရေးထားတဲ့စာရွက်မှာ လက်မှတ်ထိုးခဲ့ရတာ။ အခု ဖမ်းခံရတဲ့ လူငယ်တွေက လန့်နေတာပေါ့။ ကျန်တဲ့လူတွေလည်း နည်းနည်းတော့ စိုးရိမ်တာရှိတယ်။ ပရဟိတပဲ လုပ်တဲ့အသင်းကို အခုလိုမျိုး အင်အားအလုံးအရင်းနဲ့ လာဖမ်းတာမျိုး၊ ရိုက်နှက် တာမျိုးတွေဆိုတော့ ဒါမျိုးက မဖြစ်သင့်ဘူးပေါ့နော်” ဟု အဆိုပါ အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပီတိ” လူငယ် ပရဟိတအသင်းသည် ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်လာချိန် ဧပြီလတွင် ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြီး ဧရာဝတီတိုင်း၊ ညောင်းတုန်းမြို့နယ်အတွင်း စည်ပင်သာယာရုံးအပါအဝင် နေရာ ၅ နေရာထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ သံသယ ဖြင့် ဖမ်းဆီးခံရသူ မြို့ခံ ၃၀ နီးပါးရှိ ခဲ့သည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...