လေးကေကော် ဒေသခံများအားလုံး အိုးအိမ်စွန့်ထွက်ပြေး

လေးကေကော် ဒေသခံများအားလုံး အိုးအိမ်စွန့်ထွက်ပြေး

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားလာသည့်အတွက် ဒေသခံ အားလုံး ထွက်ပြေးတိမ်းရှောင်သွားပြီဟု လေးကေ့ကော်မြို့ခံများက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့  လေးကေ့ကော်မြို့သစ်အနီးတွင် တိုက်ပွဲပြင်းထန်စွာ ထပ်မံဖြစ်ပွားလာသည့် အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“မရှိတော့ဘူး။ ဒေသခံတွေကတော့ ဟိုမနက်ကတည်း အကုန်လုံး ပြေးနေပြီနော်။ ဖလူးဖက်လည်း ပြေးနေပြီ တချို့ ထိုင်းဖက်ခြမ်းကို ကူးမယ့်လူလည်း ရှိနေတယ်လို့ ကျနော်ယူဆတယ်။ ကားတော်တော်များများ ပြေးနေ ပြီ။ တော်တော်များများက ရှောင်နေပြီ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဒေသခံများမှာ လေးကေ့ကော်မြို့သစ်မှ စစ်ဘေးလွတ်ရာ ကျေးရွာများဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး လူဦးရေအားဖြင့် ၃၀၀၀ နီးပါး ရှိသည်ဟု ဆိုသည်။

လေးကေ့ကော်ဒေသခံအချို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာသည့် ရုပ်သံဖိုင်များနှင့် ဓါတ်ပုံများ လည်း လူမှုကွန်ရက်စာမျက်နှာနှင့် ထိုင်းသတင်းဌာနအချို့တွေ ရေးသားထားသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသူများ၏ စားဝတ်နေရေးကို ကရင်အမျိုးသား အစည်းအရုံး KNU က ကူညီ လုပ်ဆောင်ပေးနေသည်ဟု လေးကေ့ကော်မြို့ခံ က ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင်လည်းဖြစ် နိုင်ငံခြားဌာန တာဝန်ခံလည်း ဖြစ်တဲ့ ပဒိုစောတောနီက ယခုကဲ့သို့ပြောသည်။

၎င်းက “လူသားချင်းစာနာထောက်ထားမှု အနေနဲ့ကတော့ နဂိုကတည်းကလည်း ကျနော်တို့ ဒီသဘောထား ရှိ တယ်။ နောက်ပြီးတော့လည်း လုပ်လည်း လုပ်နေတယ်ဆိုတော့ ဒီရပ်တည်ချက်အတိုင်း ကျနော်တို့ ရပ်တည် ဆဲပဲ။ အဲဒါကြောင့်မို့လို့ ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကျနော်တို့ ရှာကြံပြီး‌တော့ လုပ်ဆောင်နေပါတယ်နော်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် အရေအတွက်ကို အတိအကျ မသိရ သေး သော်လည်း ကူညီကယ်ဆယ်မှု လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည်ဟု ပဒို စောတောနီးက ဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က လေးကေကော်မြို့သစ်ထဲသို့ ဝင်ရောက် စစ်ဆေးမှုများ လုပ် ဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူဦးရေ ၁၃ ယောက်နှင့် အထက်ကို ဖမ်းဆီးခေါ်ဆောင် သွားသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်များ လေးကေ ကော်မြို့ သစ်ထဲသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ကို ဝင်ရောက်ရှာဖွေသည်ဟု ဆိုကာ ထပ်မံဝင် ရောက်လာရာ မှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆို သည်။

လေးကေကော်မြို့သစ်တွင် အုန်းဖြန်၊ နို့ဖိုး၊ မယ်လအစရှိသည့် Refugee စခန်းများက ဒုက္ခသည်များ၊ ဖလူးဒေသ အတွင်းက IDPs များ၊ ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီးက တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစု များနှင့် ထိုင်းနိုင်ငံ ဖုဖရမြို့နှင့် မဲဆောက်မြို့ အတွင်းက ရွှေ့ပြောင်းအလုပ်သမား မိသားစုများ နေထိုင်ကြခြင်း ဖြစ်သည်။

လေးကေကော်မြို့သစ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သမ္မတဦးသိန်းစိန် အစိုးရတို့အကြား ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးနောက်တွင် ဖြစ်ပေါ်လာသည့် စီမံကိန်းဖြစ်ပြီး အစိုးရနှင့် ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းတို့၏ ထောက်ပံ့မှုများနှင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်သည်။

အဆိုပါ မြို့သစ်သည် ထိုင်းဘက်အခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်ရှည်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တည်ထားသည့် မြို့သစ် စီမံကိန်းဖြစ်ပြီး အိမ်ထောင်စု ၇၈၆ စုရှိကာ လူဦးရေ ၃၀၀၀ ကျော်ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ဓါတ်ပုံ - KPSN

November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...
November 21, 2024
မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ထားသည်ဟု မူဆယ်ဒေသခံက...
November 21, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့်...