Published
Monday, December 13, 2021
နေရပ်ပြန်စစ်ဘေးရှောင်တွေနေထိုင်တဲ့ ယောချောင်းရွာသာယာကျေးရွာကို ဆန်သယ်ယူခွင့်ကို စစ်တပ်က ပိတ်ပင်ထား (ဒီဇင်ဘာလ ၁၂၊ ၂၀၂၁)
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ နေရပ်ပြန်စစ်ဘေးရှောင်တွေနေထိုင်တဲ့ ယောချောင်းရွာသာယာကျေးရွာကို ဆန်သယ်ယူခွင့်ကို စစ်တပ်က ပိတ်ပင်ထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားအုတ်ဖိုလုပ်ငန်းက နေရပ်ပြန်ခွင့်မရဘဲဖြစ်နေတဲ့ ရခိုင်လူမျိုး ၁၆ ယောက်အထဲက ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ယောက်အပါအဝင် အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၄ ယောက်ကို ရဲတပ်ဖွဲ့က သွားရောက်ခေါ်ယူပြီး မြစ်ကြီနား ရခိုင်လူမှုကူညီရေးအသင်းကို ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
၄၇ ကြိမ်မြောက် ရခိုင်ပြည်နေ့အခမ်းအနားမှာ ရခိုင်ရိုးရာကျင်ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမယ်လို့ ဆိုပါတယ်။