အခက်အခဲများကြားက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း

အခက်အခဲများကြားက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း

မြန်မာစစ်တပ် အာဏာမရယူခင်တုန်းဆိုလျှင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် ဘီလီယံနှင့်ချီပြီး ဝင်ငွေ ရရှိခဲ့သော လုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။ ယင်းနောက် လပေါင်းအတန်ကြာပြီးနောက်မှာတော့ မြန်မာနိုင်ငံမှ ကျောက်စိမ်းကုန်သည်များအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများမှ လွတ်အောင် ရှောင်ပုန်းနေရလေသည်။ ထိုသို့ရှောင်ပုန်းနေရခြင်းမှာ တန်ဖိုးလျော့နည်းလာပြီဖြစ်သော ကျောက်မျက်ရတနာများကို ရောင်းချလိုသည့်အတွက်ကြောင့်လည်း ဖြစ်လေသည်။

မြန်မာစစ်တပ်အာဏာ ရယူပြီး လအနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ လမ်းမများသည် ဆန္ဒပြသူများနှင့်ပြည့်နှက် သွားခဲ့ပြီး အိုးခွက်ရိုက်သံတညံညံများ ညလေထုထဲပျံ့လွင့်သွားတော့သည်။ ၎င်းအိုးခွက်ရိုက်သံများက မကောင်း ဆိုးဝါးများနှင်ထုတ်ခြင်းအမှတ်အသားဖြစ်သည်။ ကိုးလကြာပြီးနောက်မှာတော့ အာဏာရှင်စနစ် ဆန့်ကျင်ခုခံရေးက ပုံသဏ္ဍာန် ပြောင်းလဲသွားခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှုများဖြင့်စတင်ခဲ့ရာမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာ့စီးပွားရေးအကြပ်အတည်းနှင့်အတူ တနိုင်ငံလုံး ပရမ်းပတာ ဖြစ်စဉ်ကြီးအတွင်း ဝင်ရောက်နှစ်မြှုပ်နေခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ် ၊ ဖားကန့်ဒေသတဝိုက်တွင် ကမ္ဘာ့အကြီးဆုံးသောကျောက်စိမ်းတွင်းများ ရှိနေပြီး ကပ်ရောဂါကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အခက်အခဲကြုံခဲ့ရသည်။ လက်ရှိအချိန်မှာတော့ ယင်းဒေသတဝိုက်တွင် စစ်ပွဲများဖြစ်ပွားနေသည့်အတွက် တိုင်းပြည်၏အကျိုးအမြတ်အများဆုံးပို့ကုန်လုပ်ငန်းဆီ သို့ ထောက်ပံ့ရေးပစ္စည်းများမရောက်နိုင်တော့ဘဲ ဖြတ်တောက်ခံထားရလေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းထွက်ကုန်အရင်းအမြစ်တခုဖြစ်သည်။ မြန်မာနှင့်အိမ်နီးချင်း တရုတ်နိုင်ငံ၏ဝယ်လိုအားက မြင့်တက်ဆဲရှိနေသေးသဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဆက်လက်လည်ပတ် နိုင်ရန် တွန်းအားပေးလျက်ရှိနေသည်။

ကချင်ပြည်နယ်မှထွက်ရှိသော ကျောက်စိမ်းအများစုက မြန်မာနိုင်ငံ၏ဒုတိယမြို့တော် မန္တလေးမြို့ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ရောက်ရှိသွားကြသည်။ မန္တလေးမြို့သည် ကျောက်မြတ်ရတနာကီလိုဂရမ်ထောင်ပေါင်းများစွာ အသုံးပြုပြီးထုဆစ်ထားသော အမြင့်ဉာဏ်တော် ၂၃ မီတာရှိ ကျောက်စိမ်းစေတီတော်မြတ် တည်ထားကိုးကွယ် ထားသောမြို့တော်ကြီးလည်းဖြစ်သည်။

ယခင်က ဘုရားဖူးဝတ်ပြုသူများဖြင့် စည်ကားရှုပ်ထွေးနေသောစေတီတော်မြတ်ကြီး၏ တောက်ပသောစိမ်းပြာ ရောင် နှင့် အနီရောင်အမိုးခုံးများအောက်တွင် ယခုတော့ လက်တဆုပ်စာဘုရားဝတ်ပြုသူများဖြင့် တိတ်ဆိတ်လျက် ရှိနေပါသည်။

“စီးပွားရေးက လုံး၀မကောင်းတော့ဘူး” ဟု ကျောက်စိမ်းကုန်သည်တဦးကပြောသည်။ ထိုလူသည် ကပ်ရောဂါဖြစ် ပွားမှု နှင့် မငြိမ်သက်မှုများကြောင့် သူပိုင်ဆိုင်သောကျောက်စိမ်းများကို လမ်းဘေးတနေရာတွင်ရောင်းချဖို့ကြိုး စားနေခဲ့သည်မှာ လပေါင်းအတော်ပင်ကြာခဲ့ပြီဖြစ်သည်။

“တခါတလေ ကင်းလှည့်လာတဲ့စစ်သားတွေကိုတွေ့ရင် လူတွေအထိတ်တလန့်နဲ့ထွက်ပြေးကြရော။ တယောက် ထွက်ပြေးတာမြင်ရင် နောက်လူတွေလည်းထွက်ပြေးပြီ။ အဲဒီတော့ စစ်သားတွေကအခြေအနေငြိမ်သက်အောင်ဆို ပြီး သေနတ်တွေနဲ့ပစ်ရော” ဟုပြောသည်။

နှစ်ရက်အကြာတွင် ကျောက်မျက်ရတနာဈေးပြန်လည်ဖွင့်လှစ်လိုက်ပြီး အာဏာပိုင်များက ထပ်မံအခွန်ကောက်ခံ ပါတော့သည်။ ကျောက်မျက်ရတနာဈေးမှကောက်ခံရရှိသောငွေများကို မြန်မာစစ်တပ်သို့အခွန်ပေးသွင်းရသလို တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများထံသို့လည်းပေးသွင်းရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။

စစ်တပ်နှင့် ၎င်းတို့၏မဟာမိတ်များကို ငွေကြေးတစုံတရာမပေးဘဲ မြန်မာ့ကျောက်စိမ်းဝယ်ယူဖို့ဆိုသည်မှာ မဖြစ် နိုင်ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness ကပြောသည်။

လက်ရှိဖြစ်စဉ်ကိုမကျေနပ်ကြသော လူငယ်များကလည်း တခါတရံတွင် လူမြင်ကွင်းမှာပေါ်လာလေ့ ရှိပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လေ့ရှိကြသည့်အတွက် ကျောက်မျက်လုပ်ငန်းနှင့်အလုပ် ဆက်လုပ်ခြင်းက နောက်ထပ်အန္တရာယ်တခုကိုဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

ကျောက်မျက်ရတနာဈေးဖွင့်လှစ်ဖို့ပြင်ဆင်နေချိန် မကြာသေးခင်ကပင် ဒေသတွင်းအဖွဲ့အစည်းတခုဖြစ်သော “Generation Z Power” ဆိုသည့်အဖွဲ့ကထုတ်ပြန်သော သတိပေးချက်တစောင်ကို ဖတ်ခဲ့ရသည်။ ထိုသတိပေး ချက်တွင် “ကျောက်မျက်ရတနာလုပ်ငန်း ဆက်လက်လုပ်ကိုင်နေပါက အသက်အန္တရာယ်အာမခံမည်မဟုတ်” ဟု ပြင်းပြင်းထန်ထန်ရေးသားထားသည်။

အဆိုပါကျောက်မျက်ရတနာဈေးပြန်ဖွင့်ပြီးတပတ်အကြာတွင် ဈေးအနီး ဗုံးတလုံးပေါက်ကွဲခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိမှု နှင့် လူသေဆုံးမှုမရှိသော်လည်း ရောင်းဝယ်မှုများဆက်လက်လုပ်ကိုင်နေမည်ဆိုပါက နောက်ထပ်တိုက်ခိုက်မှု များ ဆက်လက်ကြုံရလိမ့်မည်ဖြစ်ကြောင်း ကတိပြုပြောလာခဲ့ပြန်သည်။

ခြိမ်းခြောက်မှုများရှိနေသော်လည်း အရောင်းအဝယ်စျေးကွက်က ယခင်အတိုင်းရှုပ်ယှက်ခတ်လျက်သာရှိနေသည်။

လက်သီးလုံးလောက်အရွယ်ကျောက်တလုံးကို ဓာတ်မီးဖြင့်စစ်ဆေးနေသော အရောင်းအဝယ်စခန်းငယ်တခုတွင် မန်ဒရင်းဘာသာစကားဖြင့် စမတ်ဖုန်းပြောနေသောလူတယောက် ထိုင်နေသည်ကိုတွေ့ရသည်။

ကပ်ရောဂါ နှင့် ကြိုကြားကြိုကြားတိုက်ပွဲများကြောင့် မြန်မာနိုင်ငံနှင့်တရုတ်နယ်စပ်ကို ဘေကျင်းကပိတ်လိုက် သော်လည်း ကျောက်မျက်ရတနာဝယ်လိုအားကမြင့်တက်လျက်ရှိနေသောကြောင့် တရုတ်ဝယ်လက်များက မတန် တဆဈေးနှိမ်ဝယ်ရန် ပြည်တွင်းမငြိမ်သက်မှုကို အသုံးချလျက်ရှိနေသည်။

“ကိုဗစ် နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တရုတ်တွေက ဈေးမတရားနှိမ်ဝယ်နေကြတယ်” ဟု အမည်မဖော်လို သောအသက် ၆၂ နှစ်အရွယ်ကုန်သည်တဦးက The Straits Times သို့ပြောသည်။ “ဒါပေမယ့် ကျနော်တို့မှာရွေး ချယ်စရာမရှိဘူး။ ဈေးကွက်အတွက် သူတို့ကိုလိုအပ်တယ်။ သူတို့မဝယ်ရင် ကျနော်တို့ရောင်းရမှာမဟုတ်ဘူး။ ဒီလုပ်ငန်းအတွက် တခြားသူအားကိုးဖို့မရှိဘူး” ဟုလည်း အဆိုပါကုန်သည်ကပြောသည်။

လက်ရှိအချိန်တွင် ကျောက်မျက်ရတနာဈေးကွက်မှာ အဆမတန်ကျဆင်းလျက်ရှိနေသည်။ ယခင် ၁၀ သိန်းတန် ကျောက်တလုံးကို ယခု ၅ သိန်းသာရရှိတော့သည်။ အာဏာသိမ်းမှုမတိုင်ခင်ကဆိုလျှင် ဖားကန့်မှတူးဖော်ရရှိသည့် ကျောက်စိမ်းအားလုံး၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့မှောင်ခိုတင်သွင်းခြင်းဖြစ်သည်ဟု Global Witness ၏အစီရင်ခံစာအရသိရသည်။

အာဏာသိမ်းရန်စတင်ချိန်ကတည်းက အဆိုပါမိုင်းတွင်းတဝိုက်သည် တိုက်ပွဲများကြောင့် မီးများတောက်လောင်ခဲ့ရ သည်။ မှောင်ရိပ်ကမ္ဘာတွင်းမှကိန်းဂဏာန်းများကိုတွက်ချက်ရန် ပို၍ပင်ခက်ခဲလာသည်ဟု Global Witness အဖွဲ့ တွင် မြန်မာနိုင်ငံ၏အကြီးတန်းဖြစ်သူ မစ္စ ဟန်နာ လင့်ထ်စတောမ်း ကပြောသည်။

ဝယ်လိုအားများပြီး ရောင်းလိုအားနည်းလာတာနဲ့အမျှ တရုတ်နိုင်ငံတွင် ဈေးနှုန်းများတက်လာကြောင်းကြားသိရ သည် ဟုသူမကပြောသည်။ တောတွင်းလက်နက်ကိုင်အဖွဲ့များ နှင့် ပြည်သူ့စစ်များအကြား ပြိုင်ဆိုင်မှုများတိုးလာ သည်။ နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း ဒုတိယအကြိမ်ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး ရဲတယောက်သေဆုံးခဲ့သည်။ ထိုနေ့မှာပင် နိုဝင်ဘာ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်ထားခဲ့သောဆိုင်ခန်းများအားလုံး ယာယီပိတ်သိမ်း ရမည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့လေသည်။

လက်ရှိအချိန်မှာတော့ ကျောက်မျက်ရတနာကုန်သည်များသည် နှစ်ဖက်ကြားတွင် ပိတ်မိလျက်သာ ရှိနေပါတော့သည်။

ကြည်ဖြူစံ ရေးသားသည်။

November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...
October 28, 2024
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ...
October 21, 2024
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...