အာဏာသိမ်းပြီး ၁၀ လကြာသည့်တိုင် ဘဏ်ငွေထုတ်မှုများ အဆင်မပြေသေး

အာဏာသိမ်းပြီး ၁၀ လကြာသည့်တိုင် ဘဏ်ငွေထုတ်မှုများ အဆင်မပြေသေး

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်မှာ ၁၀ လတာ ကာလသို့ရောက်လာသော်လည်း ဘဏ်များမှငွေထုတ်ယူမှုမှာ ပုံမှန်အတိုင်းမဖြစ်သေးကြောင်း ငွေထုတ်ယူသူများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ATM ငွေထုတ်စက်များတွင် ဘဏ်မှ ငွေလာဖြည့်ခြင်းမရှိသဖြင့် ငွေမထုတ်ရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့မှ အိမ်ဆောက်ပစ္စည်းများရောင်းချသူ ကိုအေးနိုင်က “အရင်က တစ်ပတ်ကို ငွေနှစ်သိန်း၊ သုံးသိန်းလောက် ထုတ်လို့ရခဲ့ပေမယ့် အခုနောက်ပိုင်းမှာ စစ်တွေမြို့ကစက်တွေမှာ ငွေကိုလာမထည့်ကြတော့ဘူး။ ဒါကြောင့် လုံးဝကိုထုတ်လို့မရတော့ဘူး။ အရင်က ဝန်ထမ်းတွေကိုလစာပေးရင် ATM ကတ်တွေနဲ့ပေးပေမယ့် ခုနောက်ပိုင်းမှာ ငွေသားနဲ့ပေးနေရတယ်။ ကတ်တွေက လုံးဝအဆင်မပြေဘူးဖြစ်နေတယ်”ဟု ပြောသည်။

ATM ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် အခြားတစ်ဘက်သို့ပြောင်းကာ ငွေထုတ်ယူနေရပြီး ယင်းသို့ထုတ်ရာတွင်လည်း ရာခိုင်နှုန်းအလိုက်ပေးနေရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“KBZ/CB ဘဏ်တို့ဆိုရင် K-pay/CB-Pay တို့ကနေပြီး တစ်ဆင့်ပြန်ထုတ်ပြီးသုံးနေရတယ်။ ဒါပေမယ့် ထုတ်တဲ့ဆိုင်တွေမှာ ရာခိုင်နှုန်းအလိုက်ပေးနေရတာတွေရှိတယ်။ ဒီတော့ ငွေတစ်ခါထုတ်ရင် တော်တော်လေးအခက်အခဲဖြစ်ရတယ်။ ဘဏ်မှာလည်း ထုတ်ချင်တိုင်းထုတ်လို့မရဘူး။ ဒီတော့ ဒီကတ်တွေက လက်ထဲမှာပဲကိုင်ထားပြီး တကယ်တမ်းသုံးလို့မရတဲ့အခြေအနေဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဘဏ်မှငွေထုတ်နိုင်ရန်ကြိုးပမ်းနေခဲ့သည်မှာ တစ်လခန့်ကြာသော်လည်း ငွေထုတ်၍မရနိုင်သေးကြောင်း စစ်တွေမြို့မှ အိမ်ဆောက်ပစ္စည်းများရောင်းချသူ ကိုအေးနိုင်က ပြောသည်။

“စစ်တွေမှာဆိုရင် တစ်လလောက်ရှိပြီ ငွေမထုတ်ပေးသေးတာ။ သူတို့ပြောတာကတော့ အစိုးရဝန်ထမ်းတွေကိုတောင် လစာပေးဖို့ကို အနိုင်နိုင်ဖြစ်နေတယ်။ ဒါတောင် မြန်မာ့စီးပွားရေးဘဏ်မှာနော်။ အခြားပုဂ္ဂလိကဘဏ်တွေမှာဆိုရင် ထုတ်မယ်ဆိုရင်လည်း ဒီအတိုင်းပဲ ကျွန်တော်တို့ငွေထုတ်မယ်ဆိုရင် ကြိုပြီးဘွတ်ကင်ချိတ်ရတာတွေအပြင် အခက်အခဲအများကြီးရှိတာပေါ့" ဟု ၎င်းကဆိုသည်။

ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန်အတွက် များစွာအကျပ်ရိုက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

လက်ရှိဘဏ်များမှငွေကို မည်သို့ထုတ်ပေးနေကြောင်းနှင့် ATM စက်များတွင် ငွေထုတ်သူအဆင်ပြေစေရန် မည်သို့ဆောင်ရွက်ပေးနေသည်ကို စစ်တွေမြို့ရှိဘဏ်အချို့ကို သွားရောက်မေးမြန်းခဲ့သော်လည်း ဗဟိုဘဏ်၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေသည့်အတွက် ဗဟိုဘဏ်ကိုသာမေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

ဘဏ်များတွင် ငွေထုတ်ရခက်ခဲခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ငွေထုတ်နေရခြင်းနှင့် ငွေသားရှားပါးမှုပြဿနာမှာ ပြည်သူများရင်ဆိုင်နေရဆဲဖြစ်ပြီး ATM စက်များမှငွေထုတ်၍မရခြင်း၊ ဘဏ်များမှ ငွေသားထုတ်ယူမှုအခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် ကန့်သတ်ချက်ပမာဏများကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က စက်တင်ဘာလဆန်းပိုင်းတွင် သတင်းမီဒီယာများ၌ ပြောဆိုထားသည်။

စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...
November 6, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက...
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...