Published
Friday, November 19, 2021
ကချင်လူမျိုး ကမ္ဘာ့မာရသွန်အပြေးချန်ပီယံ ဗိုလ်ကြီးဟောင်း မိတုံနော် ကွယ်လွန်
ကချင်လူမျိုး နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့မာရသွန်အပြေးချန်ပီယံ ဗိုလ်ကြီးဟောင်း မိတုံနော်သည် ယနေ့ နိုဝင်ဘာ ၁၈ရက် နေ့လယ် ၂နာရီ ၄၀ မိနစ်အချိန်တွင် ကချင်ပြည်နယ် မံစီမြို့က ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ်အရွယ် ရှိပြီဖြစ်သည်။
ကချင်လူမျိုး ကမ္ဘာ့မာရသွန်အပြေးချန်ပီယံ မိတုံနော်သည် ၁၉၆၂ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် အာရှအိုလံပစ်အားကစားပြိုင်ပွဲကြီးတွင် ဒုတိယပန်းဝင်ခဲ့သည်။ ယင်းအပြင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ အမေရိကန် စသည့် နိုင်ငံများတွင်လည်း အပြေးချန်ပီယံ ဆုတံဆိပ်များ အသီးသီးရရှိခဲ့သူဖြစ်သည်။