ကလေး-PDF စခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်သိမ်း၊ ဆေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွား

ကလေး-PDF စခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်သိမ်း၊ ဆေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်တောင်ပိုင်းရှိ ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF) ၏ ကာကွယ်ရေးစခန်း တစ်ခုကို စစ်ကောင်စီတပ်များက အလစ်အငိုက် ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း Kalay PDF က နိုဝင်ဘာ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

“သူတို့က ကျွန်တော်တို့ စခန်း ရှိတဲ့ဘက်ကို ဒရုန်းတွေနဲ့ရော မြေပြင်ကပါ ထောက်လှမ်းနေတာ ကြာပြီ။ ရဲဘော်တွေ ရှေ့တန်းထွက်နေတဲ့ အချိန် စခန်းကို အလစ်အငိုက် ဝင်ရောက်လာတဲ့အတွက် ကျန်ခဲ့တဲ့ ဆေးတပ်ဖွဲ့ဝင်တွေ အဖမ်းခံလိုက်ရတာ” ဟု Kalay PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သိမ်းပိုက်ခံလိုက်ရသည့် စခန်းသည် Kalay PDF တပ်ရင်း (၃) လက်အောက်ရှိ စခန်းဖြစ်ပြီး စခန်းအတွင်းရှိ ဆေးတပ်ဖွဲ့ဝင်များဖြစ်သည့် အမျိုးသမီး ရှစ်ဦး နှင့် အမျိုသား နှစ်ဦးကို ဖမ်းဆီးသွားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်နေ့ မွန်းလွဲပိုင်း အချိန်မှ စ၍ ညနေ ၆ နာရီအထိ Kalay PDF၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (ကလေး)နှင့် CDF (KKG) တို့ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PDF-Kalay က ထုတ်ပြန် ထားသည်။

ကလေးမြို့၊ ရှားတောရွာ ၊ မြို့ကြီးကုန်းနှင့် မြို့လှ ရပ်ကွက်များဘက်မှ စစ်ကောင်စီတပ်က စစ်ကြောင်းများ ခွဲတက်လာရာတွင် PDF- Kalay က မဟာမိတ်များနှင့် ပူးပေါင်းခုခံခဲ့ပြီး မြို့လှ ရပ်ကွက် မှ တက်လာသော စစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တာဟန်း ရပ်ကွက်ရှိ ရဲစခန်းကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီမှ စ၍ နေလယ် ၁၂ ရီအချိန်ထိ ရှားတောနှင့် စက္ကန့် ရွာများတွင် ထိတွေ့တိုက်ပွဲများ ရှိနေသော်လည်း ထိခိုက်သေဆုံးမှုစာရင်းအား မသိရသေးပေ။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...