ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများ

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများ

ချင်းပြည်နယ်မှာ နိုဝင်ဘာလပထမပတ်ကစပြီး ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်မှာနေထိုင်တဲ့ သိက္ခာတော်ရ ဆရာတော် ဦးဗန်ကျဲမ်ရဲ့ နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ ချင်းပြည်နယ်မှာ ခရစ်ယာန်ဆရာတော်ရဲ့နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းဒေသ နတ်ချောင်းကျေးရွာဘက်မှာ နိုဝင်ဘာလပထမပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး ထိခိုက်ဒဏ်ရာရတာများတယ်လို့ သိရပါတယ်။

Most read this week

November 8, 2024
- စစ်အာဏာရှင်စနစ်အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က...
November 7, 2024
- ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက အာဇာနည်ကုန်းမှာ သေလွန်သွားသူတွေအတွက်...
November 6, 2024
- မြစ်ကြီးနားမြို့မှာ  Star Link WiFi စက်နဲ့  အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့...
November 6, 2024
ထိုင်းနိုင်ငံထဲမှာ နှစ်ရှည်ကြာ ရွှေ့ပြောင်း ရောက်ရှိနေထိုင်နေကြတဲ့ လူဦးရေ ၅ သိန်းခန့်ကို...