မြန်မာ့စီးပွားရေးဘဏ်ရဲ့ မှောင်ခိုငွေလဲလှယ်နှုန်း ၇ ရာခိုင်နှုန်းထိ ဈေးပေါက်

မြန်မာ့စီးပွားရေးဘဏ်ရဲ့ မှောင်ခိုငွေလဲလှယ်နှုန်း ၇ ရာခိုင်နှုန်းထိ ဈေးပေါက်

စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေလဲလှယ်နှုန်း မှောင်ခိုငွေကြေး ဈေးကွက်မှာ ၇ ရာခိုင်နှုန်းထိ ပေါက်ဈေးရှိတယ်လို့ ငွေကြေးလဲလှယ်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ကာလတွေတုန်းက ၅ ရာခိုင်နှုန်းသာရှိခဲ့တဲ့ ငွေလဲလှယ်နှုန်းဟာ အောက်တိုဘာ နောက်ဆုံးအပတ်မှာတော့ ၇ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

မှောင်ခိုငွေကြေး လဲလှယ်နှုန်းမြင့်တက်လာတာဟာ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေကြေးအလွယ်တကူ ထုတ်ယူလို့မရတဲ့ အခြေအနေနဲ့ သက်ဆိုင်တယ်လို့ ငွေကြေးလဲလှယ်သူတွေက ပြောပါတယ်။

မြန်မာငွေကြေးကို ရာခိုင်နှုန်းပေးပြီး လဲလှယ်နေရတဲ့ မှောင်ခိုငွေကြေးဈေးကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေရဲ့ မှောင်ခိုငွေကြေး လဲလှယ်နှုန်းကတော့ ၅ ဒဿမ ၅ ရာခိုင်နှုန်း ဈေးပေါက်နေတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ မြန်မာငွေကို ရာခိုင်နှုန်းပေးပြီး လဲလှယ်နေရတာ၊ ကုန်ပစ္စည်းတွေကို ဒေါ်လာပေါက်ဈေးအတိုင်းပေးပြီး ဝယ်ယူနေရတဲ့အတွက် မိအေးနှစ်ခါနာသလိုဖြစ်နေရတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို အမြန်ဆုံး ပြင်ဆင်တာတွေ မလုပ်ရင် မကြာမီကာလအတွင်း မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းအများစု အပြီးပိုင်ရပ်ဆိုင်းရဖို့ ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ဘဏ်စာအုပ်တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်း၊ ကုမ္ပဏီအကောက်တွေဆိုရင် တစ်ပတ် ကျပ် ၅ သိန်းနှုန်း ထုတ်ပေးနေတာ ဖြစ်ပြီး၊ အဲလို ထုတ်ပေးရာမှာလည်း တုံကင်စနစ်ကြောင့် ငွေကြေးအလွယ်တကူ ထုတ်ယူဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...