Published
Monday, October 18, 2021
နေ့စားလပေးတိုင်းရင်းသားဘာသာပြ ဆရာ/မတွေ လစာမရတာ ၃ လကျော်၍ စားဝတ်နေရေးအခက်အခဲနဲ့ကြုံနေရဟုဆို (အောက်တိုဘာလ ၁၇၊ ၂၀၂၁)
နစက ကောင်စီက AA နဲ့ ဆက်စပ်သူ ၆၁ ယောက်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်သူ ၁၁၄ ယောက်ရဲ့အမှုကို ပိတ်သိမ်းလိုက်တဲ့အပေါ်မှာ ကြိုဆိုတယ်လို့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ လူမှုရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နေ့စားလပေးစနစ်နဲ့ ပညာသင်ကြားပေးနေတဲ့ တိုင်းရင်းသားဘာသာပြ ဆရာ၊ ဆရာမတွေအနေနဲ့ လစာမရတာ ၃ လကျော်လောက်ရှိနေပြီဖြစ်တဲ့အတွက် စားဝတ်နေရေးအခက်အခဲနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ကိုဗစ်ရောဂါကြောင့် စနေ၊ တနင်္ဂနွေ အားလပ်ရက် ၂ ရက်မှာ သွားရောက်လည်ပတ်ခွင့် ပိတ်ထားခဲ့တဲ့ ပွိုင့်ကမ်းခြေနဲ့ ရှုခင်းလမ်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။