မိုင်းကိုင် စစ်ရှောင် (၃၀၀၀) ရေလုံပြုတ်စားသောက်နေရ

မိုင်းကိုင် စစ်ရှောင် (၃၀၀၀) ရေလုံပြုတ်စားသောက်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၃၀၀၀) ကျော် အခြေခံ မီးဖိုချောင်သုံးပစ္စည်းများ ပြတ်လပ်နေသဖြင့် ရေလုံပြုတ်စားသောက်နေရကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၂၃၅၆) ဦးနှင့် ဟမ်းငိုင်း ကျေးရွာအုပ်စုမှာ (၁၀၀၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ ပန်ကေတု ကျေးရွာအုပ်စုတွင် နေထိုင်သည့် စစ်ရှောင်များသည် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပြတ်လပ်နေသဖြင့် ဟင်းများကို ရေလုံပြုတ် စားသောက်နေရကြောင်း ပန်ကေတု စစ်ရှောင်ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်ကေတုမှာတော့ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေပြတ်နေတာ ၃ ရက်ရှိပြီ၊ အခု ဟင်းရွက်တွေကို ရေလုံပြုတ်စားနေရတယ်။ နောက် ၂ ရက်ဆိုရင်လည်း ဆန်တွေပြတ်လပ်တော့မယ်” လို့ ၎င်းကပြောသည်။

လက်ရှိ ဟမ်းငိုင်းကျေးရွာရှိ စစ်ရှောင်စခန်းတွင် ဆန်အိတ် (၃၀) သာ ကျန်ရှိတော့သဖြင့် နောက် ၃ ရက်တွင် ဆန်များလည်း ပြတ်လပ်နိုင်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စစ်ရှောင် (၃၀၀၀) ကျော်က နေရပ်မပြန်နိုင်သေးဘူး။ ဆန်တွေကလည်း ပြတ်တော့မယ်။ နောက် ၃ ရက်စာပဲ ကျန်တော့တယ်။ တခြားဟာတွေကတော့ ပြတ်နေပြီ” ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ဆိုသည်။

မကြာခင် ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် စစ်ရှောင်များအတွက် စောင်အထူနှင့် ကိုဗစ်-၁၉ ထောက်ကူပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ စက်တင်ဘာ (၁၄) ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တစ်လကျော်ရှိသော်လည်း နေရပ်သို့ မပြန်နိုင်သေးပေ။

တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်ပြီး တစ်ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ခြင်း၊ မြေမြုပ်မိုင်း (၂) ဦးနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်းရှိခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
November 18, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃...
November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...