အာဏာရှင်စစ်တပ်ကို အဆုံးထိ တော်လှန်မည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်ပေါင်းစုပြော

အာဏာရှင်စစ်တပ်ကို အဆုံးထိ တော်လှန်မည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်ပေါင်းစုပြော

ပြည်သူကကျွေးမွေးထားပြီး ပြည်သူကို ပြန်လည်ဆန့်ကျင်သည့် စစ်ကောင်စီစစ်တပ်ကို မိမိတို့ အဆုံးထိ တော်လှန်သွားမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်ပေါင်းစု ဦးဆောင်သူများက ယနေ့ (အောက်တိုဘာလ ၁၃ ရက်) ဆန္ဒထုတ်ဖော်ပွဲတွင် ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်သပိတ်တပ်ပေါင်းစုက စုပေါင်း၍ စစ်အာဏာရှင် အလိုမရှိကြောင်း လမ်းမတစ်လျှောက် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကောင်စီအဖွဲ့ကို အဆုံးထိ တော်လှန်တိုက်ပွဲဝင်သွားကြရန် သပိတ်အဖွဲ့ဦးဆောင်သူအသီးသီးမှ ဆန္ဒထုတ်ဖော်ပွဲတွင် တိုက်တွန်းပြောဆိုခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်တပ်ပေါင်းစုအဖွဲ့ ဝင်းရော်ဒေသ သပိတ်ဦးဆောင်သူတစ်ဦးဖြစ်သည့် စောဒူးကရောင့်က “အနာဂတ် နောင်မျိုးဆက်တွေရဲ့ ဘဝလုံခြုံသာယာဖို့ အခုတိုက်ပွဲဝင်နေရခြင်းဖြစ်တယ်။ နိုင်တဲ့ဘက်ကနေ အားလုံးပူးပေါင်းဆောင်ရွက်မှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံသစ် ရမှာ ဖြစ်ပါတယ်။ ဘယ်တော့မှ နောက်မဆုတ်ဘူး။ တက်ကျိုးရင် လက်နဲ့လှော်နေအုံးမှာပါ။ ပြည်သူကမွေး၊ ပြည်သူကကျွေး ပြည်သူကို ပြန်ဆန့်ကျင်တဲ့စစ်တပ်ကို အဆုံးထိ တော်လှန်သွားမယ်” ဟု ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲကို သံမဏိနှင်းဆီ အမျိုးသမီးမဟာမိတ်အဖွဲ့၊ ဝင်းရော်ဒေသသပိတ်အဖွဲ့နှင့် ဒေသခံတိုင်းရင်းသား သပိတ်အဖွဲ့တို့ ပထမဦးဆုံးအကြိမ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တပ်ပေါင်းစုများ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် မိမိတို့၏ အခွင့်အရေးပြန်လည်ရရှိရန်၊ ပြည်သူ့အာဏာ ပြည်သူလက်ထဲပြန်ပေးရန်နှင့် ဒေသအတွင်း စစ်ကောင်စီတပ်များ ထွက်သွားပေးရန် စသည်တို့ကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...