ပင်လောင်းမြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီး သေဆုံးသူ (၃) ဦးထိရှိ

ပင်လောင်းမြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီး သေဆုံးသူ (၃) ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေဆုံးသူ (၃) ဦး ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့ အရှေ့ဘက် ရပ်ကွက်တွင် စက်တင်ဘာလလယ်က စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူများ (၂) ရက်ကြာတွင် သေဆုံးသွားကြောင်း၊ လက်ရှိတွင် သေဆုံးသူ (၃) ဦးလောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ထိုသေဆုံးသွားသူများသည် အသက်ကြီးသူများဖြစ်ပြီး ရောဂါအခံရှိသူများဖြစ်ကြောင်း သိရသည်။

“သေသွားတာရှိတယ်။ သူတို့တွေက အသက်ကြီးတဲ့သူဖြစ်တယ်။ ၆၀ လောက်ရှိပြီ။ ရောဂါအခံလည်းရှိတဲ့ သူတွေ။ ဒါမဲ့ သူတို့က ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီး (၂) ရက်နေပြီးတော့ သေသွားတယ်။ ဘာကြောင့်သေလည်းတော့ သေချာပြောလို့မရသေးဘူး။ ဒါမဲ့ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေတာ။ ကျမသိရသလောက်တော့ (၃) ယောက်လောက်ရှိနေပြီး” ဟု ပင်လောင်းမြို့ ဒေသခံ ကိုယ်တွေ့ကြုံရသူက ပြောသည်။

ပင်လောင်းမြို့နယ် ကျေးရွာဘက်တွင် ကိုဗစ်-၁၉ ပိုးကူးစက်သူမြင့်တက်လာကြောင်း၊ ထိုကိစ္စနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများ သတင်းဖုံးကွယ်ရန် ကြိုးစားနေလျက်ရှိကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင်း ကိုဗစ်-၁၉ မြင့်တက်လာရခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၂) ရက်နေ့က ဟိုပုံးကိုရင်းလေး ဈာပနပွဲကို သွားလာပြီးပြန်လာသူများမှ တဆင့် ပြန်ပွားလာကြောင်းသိရသည်။

“ရွာကဖြစ်တယ်ဆိုတော့ သူတို့သတင်းဖုံးချင်နေတာ။ ဟိုပုံးကိုရင်းလေး ဈာပနာသွားလာပြီးနောက် သေတဲ့သူများ လာတယ်။ သေတဲ့သူကလည်း ရောဂါအခံရှိသူနဲ့ ကာကွယ်ဆေးထိုးပြီးတာသူတွေဖြစ်တယ်လို့ပြောတယ်။ အခုက ရွာတွေဘက်မှာ ပေးမဝင်တော့ဘူး” ဟု ပင်လောင်းမြို့ ပရဟိတ လုပ်ကူးပေးနေသည့် သူက ပြောသည်။

ပင်လောင်းမြို့ ကျေးရွာဘက်တွင် ကိုဗစ် -၁၉ မြင့်တက်လာသော်လည်း ရွာသူကြီးများက ရွာတွင်း ‌ပေးမဝင်ဘဲ သာမာန်တုတ်ကွေးတာ ဖြစ်ကြောင်း ပရဟိတ အဖွဲ့များကို ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

“ရွာသူကြီးတွေက ရွာထဲ ပေးမဝင်ကြဘူး။ သာမာန်တုတ်ကွေးဖြစ်တယ်ဆိုပြီး ကြိတ်ကုနေကြတာလား မသိဘူး။ ဆေးဖြန်းအဖွဲ့တွေ ရဲတွေလာလည်း ရွာထဲပေးမဝင်ဘူး။ ဟိုပုံးကိုရင်လေး ဈာပနာသွားလာပြီးတော့ ကိုဗစ် ရောဂါက အရမ်းထနေတယ်။ ရေဦးရွာနားကဆို အိမ်စေ့တိုင်းက ဖြစ်ချင်နေပြီး။” ဟု အမည်မဖော်လိုသည့် ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်တွင် လက်ရှိကိုဗစ်-၁၉ မြင့်တက်နေသည့် ကျေးရွာသည် ရေဦးနှင့် ဆောင်းပြောင်း ကျေးရွာများဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ပိုးမြင့်တက်လာမှုကြောင့် လက်ရှိအချိန်တွင် ပိုးတွေ့လူနာနှင့် သေဆုံးသူ မည်မျှရှိကြောင်းကို မသိရှိရတော့ ကြောင်း သိရသည်။

 
 

 

 

Most read this week

ကျားဖြန့်သမားများကိုဖမ်းဆီးပြီး တရုတ်လက်ထဲအပ်နေစဥ်
November 19, 2024
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ...
နမ့်ခမ်းမြို့ ယာမ ဆေးကြောင့်အမျိုးသား ဖမ်းဆီးနေစဉ်
November 19, 2024
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)...
သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း
November 19, 2024
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင်ကုန်ကားများကို...
လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...