စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦး သေဆုံး

စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦး သေဆုံး
ဓါတ်ပုံ -  CJ
ဓါတ်ပုံ - CJ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တစ်နေရာမှာ ကိုယ်ဝန်ရင့်မာအမျိုးသမီး စစ်ဘေးရှောင်ရင်း ဗိုက်နာလာတဲ့အတွက် လွိုင်ကော်ဆေးခန်းတစ်ခုကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ တူမတော်စပ်သူတစ်ဦးထံကနေ သိရပါတယ်။

“ဘယ်လိုဖြစ်လဲဆိုတော့ စစကိုယ်ဝန်ဆောင်ကတည်းက စစ်ဘေးရှောင်နေတယ်ကော ပထမတစ်ခေါက်ကတည်းက။ အခုလည်း ထပ်ရှောင်ရတော့ ဘယ်လိုဖြစ်လဲမသိဘူး တောထဲတောင်ထဲနေရလို့လား ဘာလဲတော့မသိဘူး မပြောတတ်ဘူး။ ကိုယ်ဝန်ရှိတော့ ခနခဏမောတာတွေဖြစ်တယ်။ နေမကောင်းလည်းဖြစ်တော့ အဲဒါ သူ့ကို ရွာနားက အိမ်တစ်အိမ်မှာတည်းဖို့ပေါ့။ အဲ့ဒါ ရှာပေးတော့ သူအဲ့မှာသွားတည်းတယ်။ နှစ်ရက် သုံးရက်လား။ ဒီမနက်တော့ ဖုန်းလာတယ် ဗိုက်နာတယ်ဆိုလား ဖြစ်တယ်ဆိုပြီးတော့ သွားကြည့်ကြတာ သွားကြည့်တော့ တအားနာတယ်ဆိုလို့ နာရေးကားနဲ့အကူညီတောင်းပြီးတော့ လွိုင်ကော်ကိုပို့လိုက်တာ ဆေးခန်းကို။ အဒေါ်တွေလိုက်ပို့တာ သိပ်မကြာဘူး ဖုန်းဆက်လာတယ် မရတော့ဘူးပေါ့ အဲ့လိုမျိုးပြောလာတာ။” လို့ တူမတော်စပ်သူက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးကို ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကိုယ်ဝန် ၉ လရှိကာ မကြာခင်မွေးဖွားတော့မှာဖြစ်ပြီး တောတောင်ကြားထဲ ဒုတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရသလို ကျန်းမာရေးလိုအပ်ချက်အပြင် လုံလောက်တဲ့ အစာအာဟာရ စားသုံးရခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ခင်ကာလအတွင်း လွိုင်ကော်မှာ ဆေးခန်းပြခဲ့ပြီး စစ်ဘေးရှောင်နေစဉ် ဆေးခန်းမပြရတော့သလို အအေးမိတာ၊ စားဖို့သောက်ဖို့အဆင်မပြေတာတွေနဲ့  တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူအမျိုးသမီးမှာ အသက် (၃၉) နှစ်အရွယ်ရှိပြီး အမျိုးသားနဲ့ ၁၃နှစ်အရွယ်သားတစ်ယောက်၊  ၆ နှစ်အရွယ်သားတစ်ယောက် ကျန်ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးလိုအပ်ချက်ကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှုအထိ ရှိလာနေပါတယ်။

 
 

 

 

Most read this week

November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...
November 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက...