ရာခိုင်နှုန်းယူငွေထုတ်အေးဂျင့်များကို အရေးယူမည်ဖြစ်၍ အချက်အလက်ဖြင့်တိုင်ကြားရန် Wave Money ပြော

ရာခိုင်နှုန်းယူငွေထုတ်အေးဂျင့်များကို အရေးယူမည်ဖြစ်၍ အချက်အလက်ဖြင့်တိုင်ကြားရန် Wave Money ပြော

ငွေလာထုတ်သူများထံမှ ရာခိုင်နှုန်းကောက်ခံယူနေသည့် အေးဂျင့်များကို အရေးယူမည်ဖြစ်၍ နစ်နာသူများအနေဖြင့် အချက်အလက်ခိုင်မာစွာတင်ပြပြီး တိုင်ကြားနိုင်ကြောင်း Wave Money ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ငွေပိုကောက်တာတွေကို အချက်အလက်မှန်ကန်စွာနဲ့ လာရောက်တိုင်ကြားနိုင်ပါတယ်။ အဲဒီလိုတိုင်ကြားလာရင် Wave Money ဘက်ကနေ ပြန်လည်ဖြေရှင်းပေးသွားမှာပါ။ အခုကြုံတွေ့နေရတဲ့ ဘဏ်နဲ့ ငွေကြေးစီးဆင်းမှုအဟန့်အတားတွေကြားမှာ ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။" ဟု Wave Money တာဝန်ရှိသူက ဆိုသည်။

သို့ရာတွင် Wave Money အနေဖြင့် ဝန်ဆောင်ခပိုမိုကောက်ခံမှုမပြုဖို့ ညွှန်ကြားထားသည်ဆိုပေလည်း ငွေလဲလှယ်မှုစျေးကွက်အတွြင်း ငွေတစ်သိန်းကို ၇ ရာခိုင်နှုန်းအထိ ငွေထုတ်ယူရာတွင် Wave Money ဆိုင်များကို ပေးဆောင်နေရကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

"သူတို့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့သွားထုတ်ရင် ငွေတစ်သိန်းကို ၇ ထောင်ပြန်ပေးရတယ်။ ငွေသားနဲ့ပေးရတာပါ။ အကောင့်ထဲကငွေနဲ့ ပေးလို့မရဘူး" ဟု ၄င်းကဆိုသည်။

စျေးကွက်နှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများတွင်ရှိသည့် အဟန့်အတားအချို့က ငွေကြေးစီးဆင်းမှုအပေါ် သက်ရောက်မှုရှိနေကြောင်း Wave Money ဘက်မှ ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များမှငွေထုတ်ယူခြင်းကို ကန့်သတ်ခဲ့ပြီးနောက် တခြားသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများဖြစ်သည့် Wave Money နှင့် KBZ Pay များကိုပါ သက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီလဆန်းပိုင်း စစ်တပ်အာဏာသိမ်းစတွင် မိုဘိုင်းငွေလွှဲ ကုမ္ပဏီများမှတဆင့် ငွေထုတ်နိုင်မှုရပ်တန့်ခဲ့ပြီး မတ်လတွင် အေးဂျင့်အချို့က ရာခိုင်နှုန်းများဖြင့် ငွေများကို ပြန်လည်ထုတ်ပေးလာခြင်းဖြစ်သည်။

 
 

 

 

Most read this week

November 18, 2024
ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့်...
November 18, 2024
မွန်ပြည်နယ်တွင် မွန်ဒေသခံတို့အစား စစ်ကောင်စီစစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့်...
November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...