အာဏာသိမ်းစစ်ခေါင်းဆောင် ပူတာအိုသို့ ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ပူတာအိုသို့ ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လကုန်ပိုင်းအတွင်း ပူတာအိုသို့ လာရောက်မည်ဟုသတင်းများထွက်ပေါ်နေကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်နေသည်။

စက်တင်ဘာလ မကုန်မှီ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး ၃ နေရာသို့ လာရောက်မည်ဖြစ်သောကြောင့် တပ်တွင်းပြင်ဆင်မှုများ ရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီ ဥက္ကဌ လာဖို့ရှိတယ်လို့ ကြားတယ်။ ဒီလမကုန်ခင်တဲ့။ သူတို့ရဲ့စစ်တပ်အတွင်းနဲ့ လုံခြုံရေးကအစ ပြင်ဆင်နေတယ် လို့ကြားတယ်။ ပြီးရင် ပူတာအိုဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ လာရောက်တွေ့ဆုံဖို့လည်းရှိတယ်တဲ့။ ရက်တော့အတိအကျမသိရဘူး” ဟု အမည်မဖောလိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိလာမည့် ပူတာအိုခရီးစဉ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့်လည်း တွေ့ဆုံရန်လည်း စီစဉ်နေကြောင်းသူက ဆက်ဆိုထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ဌာနေပြည်သူ့စစ်အဖွဲ့ ဦးဆောင်ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ် စစ်သင်တန်းသင်ကြားပေးနေပြီး နောင်မွန်မြို့တွင် သင်တန်းသား ၁၀၀ ခန့်နှင့် ခေါင်လန်ဖူးတွင် ၂၀၀ နီပါးခန့် တက်ရောက်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တက်ဘာလ ၁၉ ရက်နေ့တွင် ပူတာအိုဒေသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ အဆိုပါခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။

ပူတာအိုခရီးစဉ် ပျက်ပယ်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်က ပူတာအိုမြို့အတွင်း အခြေစိုက်ထားသော စစ်တပ်အဖွဲ့၊ နောင်မွန်မြို့အနီးရှိ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးအဖွဲ့တို့ဖြင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပူတာအိုခရီးစဉ်ပျက်ပယ်ခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးတို့က နေ့တွင်းချင်း မြစ်ကြီးနားတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု နီးစပ်ရာထံမှ ပြန်လည်သိရသည်။

 
 

 

 

စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား
November 20, 2024
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့...
မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း...
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...