ဖြောင့်မတ်စွာဖြင့် ယုံကြည်မှုတည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးတည်မြဲမည်

ဖြောင့်မတ်စွာဖြင့် ယုံကြည်မှုတည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးတည်မြဲမည်
by -
ကေအိုင်စီ
မြန်မာပြည်၏ ငြိမ်းချမ်းရေးခရီး ငါးနှစ်အတွင်းသို့ရောက်ရှိလာပြီး ဖြစ်သည်။ ထိုငါးနှစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားများဘက်က အမျိုးသားအဆင့်နှင့် ဒေသအဆင့် နိုင်ငံရေးဆွေးနွေးပွဲအချို့ အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းများရှိခဲ့သော်လည်း ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ရန် ယုံကြည်မှု တည်ဆောက်ရေးအပိုင်းတွင်မှု အားနည်း၊ နှောင့်နှေး နေသေးသည်ကို တွေ့ရမည်ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်ရပ်ထားခဲ့ကြသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကျန်တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများရှိနေခြင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ရှေ့တိုး မလုပ် ဆောင်နိုင်သေးခြင်း၊ တပ််နေရာချထားရေး၊ နယ်မြေပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်များ စတင် ဆွေးနွေးမှု မပြုလုပ်နိုင်သေးခြင်း စသည့်အကြောင်းအရာများကို စေ့ငုံကြည့်မည်ဆိုက နှစ်ဖက်အဖွဲ့များ ယုံကြည်မှုပိုင်း အားနည်းနေသေးကြောင်း မီးမောင်းထိုးပြ နေသည်။

ယင်းသို့ ယုံကြည်မှုတည်ဆောက်ရာတွင် နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်သာ လုပ်ဆောင်မည်ဆိုပါက အောင် မြင်နိုင်မည် မဟုတ်ဘဲ အောက်ခြေတွင် နှစ်ဖက်ထိတွေ့နေရသည့် တပ်ဖွဲ့ဝင်များ၊ ပြည်သူများအကြား၌ လက်တွေ့ကျကျ တည် ဆောက်နိုင်ရေးမှာ ပို၍ အခြေခံကျလျှက်ရှိသည်။ ကရင်ပြည်နယ်တွင် ကေအဲန်ယူနှင့် အစိုးရတို့အကြား လက်ရှိ အပစ်ရပ်ထား သော်လည်း ရပ်ရွာအတွင်း တပ်စွဲထားသည့် အစိုးရတပ်များ ပြန်ရုပ်သိမ်းမှုမှာ အတော်များများ မရှိသေးသလို အပစ်ရပ်နယ်မြေ အတွင်း စစ်ရေးရည်မှန်းချက် ပါဝင်သည့် လမ်းများ ဖောက်လုပ်ခြင်း၊ နယ်မြေစိုးမိုးရေး စသည့်လုပ်ဆောင်မှုများသည် နှစ်ဖက် တပ်ဖွဲ့များအကြား ယုံကြည်မှုကို များစွာ ထိခိုက်နိုင်သည်ကို သတိပြုရန်လိုသည်။

ဤအခြေအနေကို ထင်ဟပ်စေမှုမှာ မေလအတွင်းက ကရင်ပြည်နယ်အတွင်း မြို့ပြနှင့် အလှမ်းဝေးသောနယ်မြေမှ ဒေသခံများ အနေဖြင့် ၎င်းတို့ဒေသအတွင်း တပ်စွဲထားသည့် တပ်မတော်၊ တပ်စခန်းများ ပြန်ရုပ်သိမ်းပေးရန် ဆန္ဒဖော်ထုတ်မှုများ ဆက် တိုက် ဖြစ်ပွားလာခြင်းပင်ဖြစ်သည်။ နှစ်ဖက် တပ်နေရာချထားရေးနှင့် နယ်မြေ ပိုင်းခြားသတ်မှတ်ရေးကို အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီများတွင် ဆွေးနွေးနိုင်ခြင်းမရှိသေးခြင်းက ယုံကြည်မှုတည်ဆောက်ရေးအတွက် လက်တွေ့ကျကျ ထိရောက်စွာ အလေးထား လုပ်ဆောင်ရန် လိုသေးသည့်သဘောပင် ဖြစ်သည်။

ထိုသို့ သက်ဆိုင်ရာ နှစ်ဖက်တပ်ဖွဲ့များ ယုံကြည်မှု တည်ဆောက်ရေးအပိုင်းမှာ အားနည်းသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံတွင် ဆွေးနွေးမည့်အပေါ် များစွာ ထိခိုက်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြသည်။ ယခင်အစိုးရအဆက်ဆက် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ထားသော်လည်း အပစ်ရပ်ကာလအတွင်း နယ်မြေစိုးမိုးရေးအပိုင်းကိုသာ အဓိက ထား ဆောင်ရွက်ခဲ့ခြင်းကြောင့် နှစ်ဖက် ယုံကြည်မှု ပျက်ပြားကာ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

အမှန်စင်စစ် နှစ်ပေါင်း ရ၀နီးပါး လောင်မြိုက်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နှစ်ဖက်အဖွဲ့များအနေဖြင့် ယုံကြည်မှု တည် ဆောက်ရန်မှာ အချိန်တိုတိုနှင့် ချက်ချင်းလက်ငင်း လွယ်ကူလိမ့်မည် မဟုတ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး အမှန်တ ကယ် ရရှိရန်အတွက် တိုင်းရင်းသား ပြည်သူလူထုနှင့် နိုင်ငံ၏ မျက်နှာကို ငဲ့ညှာထောက်ထားကာ ဖြောင့်မတ်သည့်စိတ်ထားဖြင့် ခိုင်မာသည့် ယုံကြည်မှုများ တည်ဆောက်ကာ တည်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ရန် အဖက်ဖက်က ရှေ့ရှုလုပ်ဆောင်သွားနိုင်ပါစေ ကြောင်း တိုက်တွန်းလိုက်ရပေသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...