Published
Friday, June 25, 2021
မြစ်ကြီးနားရှိ ဗက်လင်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးမှုပြုလုပ်
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ဗက်လင်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးမှုကို ဇွန် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်စခန်းကို ဇွန် ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်စခန်းအတွင်းရှိ လူဦးရေစာရင်းကို စစ်ဆေးခဲ့ခြင်းကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်ကို ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကချင်စစ်ရှောင်စခန်းကို စစ်ဆေးလာခြင်း ဖြစ်သည်။