ပင်လုံမြို့သို့လာသည့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီလိုက်လံဖမ်းဆီး

ပင်လုံမြို့သို့လာသည့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီလိုက်လံဖမ်းဆီး
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ပင်လုံမြို့သို့လာရောက်သည့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ 

 

အဆိုပါ အမျိုးသမီးသုံးဦးကို ဖမ်းဆီးရမိရေးအတွက် ဇွန် ၂၃ ရက်တွင် စစ်ကောင်စီက ပင်လုံမြို့ရှိသည့် တည်းခိုခန်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်း ပင်လုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

 

“သူတို့ တည်းခိုးခန်းတွေမှာ သွားစစ်ဆေးတယ်။ ကျွန်မတို့သိရတာတော့ သူတို့ လူကိုလာရှာတယ်လို့ပြောတယ်။ တည်ခိုးခန်းမှာ လာတည်လားဆိုပြီးတော့ မေးတယ်လို့ပြောတယ်။ တည်ခိုးခန်းမှာ သွားရှာတာ မတွေ့ဘူး။ သူတို့ ပင်လုံတစ်မြို့လုံးပတ်ရှာတယ်” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက  ပြောသည်။ 

 

စစ်ကောင်စီက အလိုရှိနေသော အမျိုးသမီးများသည် တောင်ကြီးမှ လာရောက်သူများဖြစ်ပြီး နောက်ဆက်တွဲသတင်းများအရ ၎င်းတို့ကို ပင်လုံမြို့ အထင်ကရနေရာ နန်းကျင်းပူးစေတီနားတွင် ဖမ်းမိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

“သူတို့ကို နန်းကျင်းပူးမှာ ဖမ်းမိသွားတယ်။ ကားပေါ်တင်သွားပြီးတော့ ခေါ်သွားတယ်။ သူတို့က တောင်ကြီးကနေ တက်လာတဲ့သူတွေဖြစ်တယ်။ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သို့သော် ဖမ်းဆီးခံရမှုရှိ/မရှိကို သျှမ်သံတော်ဆင့်အနေဖြင့် သီးသန့်အတည်မပြုနိုင်သေးပေ။

 

အဆိုပါ ဖမ်းဆီးမိသည့် အမျိုးသမီးသုံးဦးထဲမှ တစ်ဦးကို ဇွန် ၂၄ ရက်တွင် ပင်လုံမြို့ ၅၁၃ တပ်သို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...